International Sports: ဒေါ်လာ သန်းချီတဲ့ ဝင်ငွေတွေ ရော်နယ်ဒို ဘယ်လို သုံးစွဲသလဲ

, updated

ကမ္ဘာ့ဝင်ငွေအများဆုံး အားကစားသမားက ရော်နယ်ဒိုပါ။

play

 

ကမ္ဘာကျော် Forbes မဂ္ဂဇင်းရဲ့ ဖော်ပြချက်အရ ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်း ကမ္ဘာ့အားကစားသမားတွေထဲမှာ ဝင်ငွေအများဆုံး ရရှိသူက ရော်နယ်ဒို ဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာ့အချမ်းသာဆုံး အားကစားသမားထဲက တစ်ဦးလည်းဖြစ်ပါတယ်။

 

ရော်နယ်ဒို တစ်နှစ်တာအတွင်း ရခဲ့တဲ့ ဝင်ငွေက ပေါင်သန်း ၆၀ လောက်ရှိခဲ့ပါတယ်။ သုံးပုံတစ်ပုံလောက်ဟာ ကြော်ငြာနဲ့ စပွန်ဆာ ကုမ္ပဏီတွေထံက ရရှိတာဖြစ်ပြီး တစ်နှစ်တာ လစာငွေက ပေါင် ၃၅ သန်းလောက်ရှိပါတယ်။ ကမ္ဘာကျော်လုပ်ငန်းတွေဖြစ်တဲ့ KFC, SAMSUNG, Herbalife, Castrol စတဲ့ ကုမ္ပဏီတွေဟာ ရော်နယ်ဒိုနဲ့ စာချုပ်ချုပ်ထားတာဖြစ်ပါတယ်။

play

 

ဒီလောက်များပြားတဲ့ ဝင်ငွေတွေကို ရော်နယ်ဒိုဘယ်နေရာမှာ သုံးလဲ စိတ်ဝင်စားစရာပါ။

ရော်နယ်ဒိုဟာ ဇိမ်ခံကား နှစ်သက်သူဖြစ်ပါတယ်။ သူ့မှာ ပေါင်နှစ်သိန်းကျော် ပေးရတဲ့ Lamborghini Aventador အမျိုးအစား ကားတွေလည်းရှိသလို Maserati အမျိုးအစားလည်း ရှိပါတယ်။

play

 

ဒါ့အပြင် Bentley, Porshe နဲ့ Mercedes စတဲ့ ဇိမ်ခံကားပေါင်းများစွာကို ပိုင်ဆိုင်ထားသူပါ။

play

 

၂၀၀၉ ခုနှစ်တုန်းက ယာဉ်မတော်တဆမှုကြောင့် ပေါင် နှစ်သိန်းနှစ်သောင်းကျော်တန် Ferrari ပြိုင်ကား ပျက်စီးခဲ့ဖူးပါတယ်။

play

 

နေထိုင်တာကတော့ စပိန်နိုင်ငံ၊ ရီးရဲလ်မက်ဒရစ်မြို့ လူကုံထံအသိုင်းအဝိုင်းမှာ ဖြစ်ပါတယ်။ သူနေထိုင်တဲ့အိမ်ဟာ ပေါင် ၅ သန်းလောက် တန်ပါတယ်။

play

 

အိမ်ထဲမှာ ဇိမ်ခံပစ္စည်းနဲ့ အသုံးအဆောင်၊ အဖိုးတန် ပရိဘောများစွာ အလှဆင်ထားပါတယ်။ ဒီလိုရေကူးကန်မျိုးတွေလည်း ရှိပါတယ်။ သီးသန့် အားကစားခန်းနဲ့ ကျန်းမာရေးအတွက် ချွေးထုတ်ခန်းတောင် ရှိတယ်လို့ ဆိုပါတယ်။

play

 

ရော်နယ်ဒိုဟာ မနှစ်က အမေရိကန်၊ မက်ဟန်တန်က ထရန့်မိုးမျှော်တာဝါမှာရှိတဲ့ မိုးမျှော်တိုက်ခန်း ဝယ်ထားတယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ခန်းက ပေါင် ၁၃ သန်းလောက် တန်ကြေးရှိပါတယ်။

play

 

သူဝတ်တဲ့ နာရီက Jacob and Co တံဆိပ်ဖြစ်ပြီး ကန်ဒေါ်လာ တစ်သိန်းခြောက်သောင်းလောက် တန်ပါတယ်။ အဲဒီကုမ္ပဏီနဲ့လည်း ကြော်ငြာစာချုပ်ရှိပါတယ်။

play

 

သူ့ရဲ့အိမ်မှာပဲ ပုံစံတူ ဖယောင်းရုပ်တုကို ပေါင် နှစ်သောင်းလောက် အကုန်ခံပြီး လုပ်ထားသေးတယ်လို့ ဆိုပါတယ်။

play

 

သူဝတ်သမျှ ဝတ်စုံတွေဟာလည်း တန်ဖိုးကြီး ဝတ်စုံတွေသာ ဖြစ်ပါတယ်။

play

 

ပရဟိတလည်း လုပ်ပါတယ်။ ပေါ်တူဂီမှာရှိတဲ့ ကင်ဆာကုသရေးစင်တာအတွက် ကန်ဒေါ်လာ တစ်သိန်းခြောက်သောင်း ငါးထောင် လှူဒါန်းဖူးပါတယ်။ ၁၀ နှစ်အရွယ် လူငယ်လေး တစ်ယောက် ဦးနှောက်ခွဲစိပ်မှု လုပ်ဖို့အတွက်လည်း ကန်ဒေါ်လာ ရှစ်သောင်းသုံးထောင် လှူဒါန်းဖူးပါတယ်။

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ