International Sports: ရှဝိန်းစတိုင်ဂါရဲ့ နောက်ကျဂိုးနဲ့ ဂျာမနီ နှစ်ဂိုးပြတ် နိုင်ပွဲရ

ငါးနှစ်အတွင်း ဂျာမနီအတွက် ပထထမဆုံးဂိုးကို ရှဝိန်းစတိုင်ဂါ ပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။

play

 

ယူရို ၂၀၁၆ အုပ်စု (C) ပွဲစဉ် အတွက် ပထမဆုံး ပွဲစဉ်တွေကစားခဲ့ကြပြီးတဲ့နောက် ဂျာမနီက အုပ်စုကို ဦးဆောင်လျှက်ရှိပါတယ်။ ပထမဆုံး အုပ်စုအဖွင့်ပွဲစဉ်တွေအပြီးမှာ ဂျာမနီအသင်းက ယူကရိန်းကို နှစ်ဂိုးပြတ် အနိုင်ရပြီး အုပ်စုပထမနေရာမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

play

 

ယူရိုပြိုင်ပွဲမတိုင်ခင် ခြေစမ်းပွဲတွေမှာ ဂျာမနီအသင်း ရလဒ်တွေ ဆိုးခဲ့ပေမယ့်လည်း အုပ်စုအဖွင့်ပွဲစဉ်မှာတော့ ပုံမှန်ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ ဂျာမနီအသင်းကို မထင်မှတ် ထားလောက်အောင် ယူကရိန်းအသင်း ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ဂျာမနီဘက်က တောက်လျှောက် ဖိအားပေးတိုက်စစ်ဆင်နေတဲ့ ကြားထဲကပဲ ယူကရိန်းရဲ့ တစ်ခါတစ်ရံ ဂိုးပေါက် ခြိမ်းခြောက်မှုတွေဟာ ဂိုးရလုနီးနီးဖြစ်ခဲ့ပါတယ်။

play

 

ဂျာမနီအတွက် အဖွင့်ဂိုးကိုတော့ ပွဲချိန် ၁၉ မိနစ်မှာ နောက်ခံလူ မက်စတာဖီက သွင်းယူပေးခဲ့တာဖြစ်ပြီး သူ့အတွက် ဂျာမနီလက်ရွေးစင်ဘဝ ပထမဆုံးဂိုးလည်း ဖြစ်ပါတယ်။ ရလာတဲ့ ပြစ်ဒဏ်ဘောကို တိုနီခရူးစ်တင်ပေးခဲ့ရာမှာ အဲဗာတန်နောက်ခံလူလည်းဖြစ်တဲ့ မက်စတာဖီက ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။

play

 

ထင်မထားလောက်အောင် ဂျာမနီကို ယူကရိန်းအသင်း ပြန်လည်ဖိအားပေးနိုင်ခဲ့ပြီး ပထမပိုင်းမပြီးခင်မှာ ဂျာမနီဘက်ကို ဂိုးသွင်းဖို့ အခွင့်အရေး အကြိမ်ကြိမ်ပြန်ရခဲ့တာတွေ့ရပါတယ်။  ဒါပေမယ့် ပထမပိုင်းအပြီး ဂျာမနီကပဲ အဖွင့်ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပါတယ်။

play

 

ဒုတိယပိုင်း ပြန်ကစားတဲ့အခါ ဂျာမနီအသင်းက ဘောလုံပိုင်ဆိုင်မှုကို ပိုပြီးထိန်းချုပ်နိုင်ခဲ့တာတွေ့ရပါတယ်။ ယူကရိန်းရဲ့ တိုက်စစ်ကစားပုံ စိုးရိမ်ရတဲ့အတွက် ဂျာမနီပိုပြီး သတိထား ကစားလာခဲ့တာပါ။ တိုနီခရူးစ်ရဲ့ ကန်ချက်တိုင်ထိခဲ့ပါသေးတယ်။ ပွဲပြီးခါနီး မိနစ်ကိုးဆယ်အရောက်မှာ ဂျာမနီအတွက် ဝါရင့်ကွင်းလယ်လူ ရှဝိန်းစတိုင်ဂါ လူစားဝင်လာပါတယ်။

play

 

လူစားဝင်လာပြီး သုံးမိနစ်အတွင်းမှာပဲ ရှဝိန်းစတိုင်ဂါက အသင်းအတွက် ဒုတိယဦးဆောင်ဂိုးကို တန်ပြန်တိုက်စစ်ကတဆင့် သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။နာကျင်အချိန်ပိုအရောက် ယူကရိန်းအသင်းက ချေပဂိုးရဖို့ ဂျာမနီကို တိုက်စစ်ဆင်တုန်းမှာ ဂျာမနီအသင်း တန်ပြန်တိုက်စစ်ကစားခွင့် ရသွားခဲ့တာဖြစ်ပြီး အိုဇေးဘယ်ခြမ်းက ဖြတ်တင်လိုက်တဲ့ ဘောလုံးကို အသင့်ရောက်လာတဲ့ ရှဝိန်းစတိုင်ဂါက ပိတ်သွင်းလိုက်တာပါ။

play


ရှဝိန်းစတိုင်ဂါအတွက် နောက်ဆုံးငါးနှစ်နီးပါးအတွင်း ဂျာမနီအသင်းအတွက် ပထမဆုံးဂိုးလည်း ဖြစ်ခဲ့ပါတယ်။အုပ်စုအတွင်း တစ်ဖက်ပွဲစဉ်မှာတော့ ပိုလန်က မြောက်အိုင်ယာလန်အသင်းကို တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
ပွဲစဉ် Highlight ဗီဒီယို

Source : Goal/ Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ