International Sports: ပရိသတ်များ ဆက်လက်ဆိုးသွမ်းနေလျှင် အင်္ဂလန်နှင့် ရုရှားကို ယူရိုပြိုင်ပွဲမှ ထုတ်ပယ်မည်

နှစ်ဖက်ပရိသတ်တွေ ခိုက်ရန်ဖြစ်ပွားခဲ့လို့ ဒဏ်ရပြင်းပြင်းထန်ထန် ရသွားသူတွေ ရှိပါတယ်။

play

 

ပရိသတ်အကြမ်းဖက်မှုတွေ ဆက်ရှိနေမယ်ဆိုရင် အင်္ဂလန်နဲ့ ရုရှားအသင်းကို လက်ရှိကျင်းပနေတဲ့ ယူရို ၂၀၁၆ ပြိုင်ပွဲက ထုတ်ပယ်ဖို့ စီစဉ်ထားတယ်လို့ ဥရောပ ဘောလုံးအဖွဲ့ချုပ်က သတိပေးလိုက်ပါတယ်။

play

 

ဇွန်လ ၁၁ ရက်နေ့က ကစားခဲ့တဲ့ အုပ်စုအဖွင့်ပွဲစဉ်အတွင်း အင်္ဂလန်နဲ့ ရုရှားပရိသတ်တွေ ခိုက်ရန်ဖြစ်ပွားခဲ့မှုကြောင့် အပြင်းအထန် ဒဏ်ရာရခဲ့သူတွေရှိပါတယ်။ ကွင်းပြင်ပမှာလည်း နှစ်ဖက်အသင်း ပရိသတ်တွေ ခိုက်ရန်ဖြစ်ပွားခဲ့ကြတဲ့အပြင် ရဲတပ်ဖွဲ့နဲ့လည်း ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့မှုတွေ ရှိခဲ့ပါတယ်။ အင်္ဂလန် - ရုရှား ကစားခဲ့တဲ့ ပွဲစဉ်အတွင်း ရုရှားပရိသတ်တွေရဲ့ လုပ်ရပ်ကြောင့် ဥရောပဘောလုံးအဖွဲ့ချုပ်က  ရုရှားဘောလုံးအဖွဲ့ချုပ်ကို စွဲချက်တင်ထားပြီးသားဖြစ်ပါတယ်။

play

 

ရုရှားဘောလုံးအဖွဲ့ချုပ်ကို စွဲချက်တင်ကြောင်း ကြေငြာပြီးနောက်မှာ ယူအီးအက်ဖ်အေက နှစ်နိုင်ငံဘောလုံးအဖွဲ့ချုပ်အတွက် သတိပေးစာ ထပ်မံ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ နှစ်ဖက်အသင်း ပရိသတ်တွေအနေနဲ့ ပြင်သစ်မြေမှာ ဒီလိုအကြမ်းဖက်ဆိုးရွားမှုတွေ ဆက်လုပ်နေမယ်ဆိုရင် လက်ရှိပြိုင်ပွဲက ထုတ်ပယ်ပစ်လိုက်မှာ ဖြစ်ကြောင်း သတိပေးခဲ့တာဖြစ်ပါတယ်။

play

 

ပြင်သစ်မြေမှာ အကြမ်းဖက်မှု အန္တရာယ် ရှိနေတဲ့ကြားထဲက ပရိသတ်တွေရဲ့ ဆိုးရွားမှုကြောင့် ရဲတပ်ဖွဲ့အင်အား မလုံမလောက်ဖြစ်နေရတဲ့အတွက် ဗြိတိန်ကလည်း အကူရဲတပ်ဖွဲ့ဝင်တွေ စေလွှတ်ပေးဖို့ ကမ်းလှမ်းထားပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ