International Sports: ယနေ့ည စပိန်အသင်း ပွဲဦးထွက်တွင် ဂိုးသမား ဒီဂီယာ ပါရန် မသေချာဖြစ်နေ

ယနေ့ည ပွဲထွက်ကစားဖို့ ဒီဂီယာအဆင်သင့်ဖြစ်၊ မဖြစ်ဆိုတာကို မသိသေးဘူးလို့ နည်းပြ ဒဲလ်ဘော့စကေးက ပြောပါတယ်။

play

 

ယနေ့ည စပိန်အသင်း ယှဉ်ပြိုင်ကစားမယ့် ယူရိုပွဲစဉ်မှာ အသင်းဂိုးသမား ဒေးဗစ်ဒီဂီယာပါဝင်နိုင်ဖို့ အာမမခံနိုင်သေးကြောင်း အသင်းနည်းပြ ဒဲလ်ဘော့စကေးက ဝန်ခံပြောကြားလိုက်ပါတယ်။ အသင်းရဲ့ ပွဲဦးထွက်မှာ ပါဝင်ဖို့ ဒီဂီယာအနေနဲ့ စိတ်ပိုင်းဆိုင်ရာ အဆင်သင့်ဖြစ်နေပြီလားဆိုတာသူ မသိသေးကြောင်း ဒဲလ်ဘော့စကေးက ပြောပါတယ်။

play

 

လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်မှာ ဒီဂီယာက အသက်မပြည့်သေးတဲ့ အမျိုးသမီးနဲ့ လိင်ကိစ္စ ပါဝင်ပတ်သခဲ့မှု ရှိတယ်လို့ ဒီရက်ပိုင်းအတွင်း တရားရုံး စစ်ဆေးမှုကတဆင့် ပေါက်ကြားလာတဲ့အတွက် ဒီဂီယာဟာ ပွဲထွက်ခွင့်ရဖို့ မသေချာဖြစ်နေတာပါ။ ဒီဂီယာကိုယ်တိုင်ကတော့ ဒီကိစ္စတွေအားလုံးဟာ အလိမ်အညာတွေချည်းပဲ ငြင်းဆိုထားပြီး စပိန်နဲ့အတူ ပွဲထွက်ဖို့ မိမိ အဆင်သင့်ပဲလို့ ပြောထားပါတယ်။ ဒီဂီယာ ပွဲမထွက်ဖြစ်ခဲ့ရင်တော့ အသင်းဝါရင့်ဂိုးသမား ကာဆီးလက် ပွဲထွက်လာမှာဖြစ်ပါတယ်။

play

 

စပိန်အသင်းက ဇွန်လ ၁၃ ရက်နေ့ ညမှာ ချက်ဇ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ပွဲထွက်ဖို့ ဂိုးသမား ဒီဂီယာအဆင်သင့်ဖြစ်မဖြစ် ဆိုတာကို ပွဲမတိုင်ခင် ယနေ့ တွေ့ဆုံဆွေးနွေး သွားမှာဖြစ်ကြောင်း ဒဲလ်ဘော့စကေးက ပြောပါတယ်။ တကယ်လို့ ဒီဂီယာ ပွဲမထွက်နိုင်ရလည်း ဘာပြဿနာမှမရှိပဲ စပိန်အသင်းက ပြိုင်ဘက်ကို ရင်ဆိုင်နိုင်မှာ ဖြစ်တယ်လို့ နည်းပြ ဒဲလ်ဘော့စကေးက ပြောထားပါတယ်။ 

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ