International Sports: လူကာမိုဒရစ် အနိုင်ဂိုးသွင်းချိန်တွင် ဆံပင် "သ" နေသည့် ဘောလုံးသမား ဝေဖန်ခံရ

ပြိုင်ဘက်ကစားသမား ကန်သွင်းမယ့်ဘောလုံးကို ဟန့်တားဖို့ မကြိုးစားခဲ့တဲ့ တူရကီ ကစားသမားကို ဝေဖန်နေကြတာပါ။

play

 

ခရိုအေးရှားက တူရကီအသင်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ တူရကီအသင်း ကွင်းလယ်ကစားသမား တာဖန်ရဲ့ ပေါ့ဆမှုကြောင့် ပေးခဲ့ရတဲ့ဂိုးအဖြစ်နဲ့ ဝေဖန်မှုတွေ ရှိနေခဲ့ပါတယ်။

play

 

ခရိုအေးရှား ကွင်းလယ်ကစားသမား လူကာမိုဒရစ် ဂိုးသွင်းယူသွားတဲ့ အချိန်မှာ တူရကီကွင်းလယ်လူ တာဖန်က ဘောလုံးဖျက်ထုတ်ဖို့ မကြိုးစားပဲ ပေါ့ပေါ့ဆဆ နေခဲ့မိလို့ ဖြစ်ပါတယ်။ ပွဲချိန် ၄၁ မိနစ်မှာ တူရကီဂိုးဧရိယာထဲက ဖျက်ထုတ်လိုက်တဲ့ ဘောလုံး ပြန်အကျမှာ လူကာမိုဒရစ်က အပြင်းကန်သွင်းယူလိုက်တာဖြစ်ပါတယ်။ လေထဲ မြောက်တက်သွားတဲ့ ဘောလုံး ပြန်ကျလာချိန်ကို လူကာမိုဒရစ်စောင့်နေချိန်မှာ ခရိုအေးရှား ကွင်းလယ်လူ တာဖန်က မိုဒရစ်ရဲ့အရှေ့မှာ ရှိနေခဲ့တာဖြစ်ပါတယ်။

play

 

သူက လူကာမိုဒရစ်ဆီ အပြေးသွားပြီး ဘောလုံးယှဉ်လုဖို့ ကြိုးစားရမယ့်အစား ဆံပင်သပ်ပြီး လမ်းလျှောက်နေခဲ့တာကြောင့် ပြိုင်ဘက်ကို မဟန့်တားနိုင်ဖြစ်ခဲ့ရပါတယ်။ဒီအတွက် ကွင်းလယ်လူ တာဖန်ကို ဘောလုံးပွဲလွှင့်နေတဲ့ တူရကီရုပ်သံချန်နယ်က အပြင်းအထန် ဝေဖန်ခဲ့ပါတယ်။ တူရကီဟာ လူကာမိုဒရစ် သွင်းယူလိုက်တဲ့ အဲဒီဂိုး တစ်ဂိုးတည်းနဲ့ ရှုံးနိမ့်သွားတာဖြစ်ပါတယ်။

play

 

လူကာမိုဒရစ် မကန်သွင်းခင်မှာ တာဖန်သာ အပြေးအလွှား ဟန့်တားခဲ့မယ်ဆိုရင် ဂိုးပေးရမှာ မဟုတ်ကြောင်း ပရိသတ်တွေကလည်း လူမှုကွန်ယက်မှာ မှတ်ချက်ပြုကြပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ