International Sports: ပွဲပြီးဖို့ သုံးမိနစ်အလိုမှာ သွင်းတဲ့ ဂိုးနဲ့ စပိန်အသင်း အနိုင်ရ

လက်ရှိချန်ပီယံ စပိန်အသင်းက ပွဲဦးထွက်မှာ ခက်ခက်ခဲခဲ ကစားခဲ့ရပါတယ်။

play


စပိန်အသင်းက တစ်ပွဲလုံးနီးပါး ချက်ဇ်အသင်းကို ဖိအားပေးနိုင်ခဲ့ပေမယ့် တစ်လုံးတည်းသော ဂိုးကိုတော့ ပွဲပြီးခါနီးမှ သွင်းနိုင်ခဲ့တာပါ။

play


စပိန်အသင်းတိုက်စစ်ကို ဂျူဗင်တပ်တိုက်စစ်မှူး မိုရာတာ ဦးဆောင်ခဲ့ပြီး ဆေးလ်ဗားနဲ့ နိုလီတိုတို့ ပါဝင်အားဖြည့်ခဲ့ပါတယ်။ ပွဲမတိုင်ခင်မှာ သတင်းမျိုးစုံထွက်ခဲ့တဲ့ ဂိုးသမား ဒီဂီယာလည်း ဒီပွဲမှာ ပွဲထွက်ပါဝင်နိုင်ခဲ့ပါတယ်။

play


ပထမပိုင်းပွဲစကတည်းက စပိန်အသင်း ဘောလုံးအသာနဲ့ ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် ချက်ဇ်အသင်းနောက်တန်း အမှားအယွင်းကင်းတဲ့အပြင် ဂိုးသမား ပီတာဆက်ခ်ျလည်း လက်စွမ်းပြနိုင်ခဲ့ပါတယ်။ စပိန်အသင်းဂိုးရဖို့အခွင့်အရေး ပထမပိုင်းမှာ နှစ်ကြိမ်ထက်မနည်းရခဲ့ပေမယ့် ဂိုးသမားပီတာဆက်ခ်ျ ကာကွယ်နိုင်ခဲ့လို့ ချက်ဇ်အသင်း ဂိုးမပေးခဲ့ရတာဖြစ်ပါတယ်။

play


ပွဲချိန် ၅၇ မိနစ်မှာ ချက်ဇ်အသင်း အကောင်းဆုံးအခွင့်အရေး ရခဲ့ပြီး စပိန်ဂိုးဧရိယာ အလယ်ကို ခရက်စီ ဖြတ်တင်လိုက်ရာမှာ ဟက်ဘ်နစ် အပိုင်ကန်သွင်းလိုက်ပေမယ့် ဒီဂီယာ အကောင်းဆုံးလက်စွမ်းပြပြီး ကာကွယ်နိုင်ခဲ့လို့ စပိန်ဂိုးပေးရမယ့်ဘေးက ကာကွယ်နိုင်ခဲ့ပါတယ်။

play


၇၃ မိနစ်မှာ စပိန်အသင်းက နိုလီတိုအစား တိုက်စစ်အားဖြည့်တဲ့အနေနဲ့ ပက်ဒရိုဝင်လာပါတယ်။ ပွဲပြီးခါနီးမှာ ဆက်တိုက်ဖိကစားလာတဲ့ စပိန်အသင်း နောက်ဆုံးမိနစ် ရောက်ခါနီးမှာ လိုအပ်တဲ့ အနိုင်ဂိုးကို ရရှိသွားပါတယ်။ ဝါရင့်ကွင်းလယ်လူ အင်နီယေစတာ ဖြတ်တင်လိုက်တဲ့ ဘောလုံးကို အရှေ့ရောက်နေတဲ့ နောက်ခံလူ ပီကေးက ခေါင်းတိုက်သွင်းယူလိုက်တာ ဖြစ်ပါတယ်။

play


စပိန်အသင်းဟာ ချက်ဇ်အသင်းကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ရပြီး ပွဲပြီးဖို့ သုံးမိနစ်လောက်လိုမှ အနိုင်ဂိုးရခဲ့ပေမယ့် ဒီပွဲအပြီးမှာ အုပ်စုကို ဦးဆောင်ပြီး နောက်တဆင့်တက်ဖို့ အခြေအနေ ကောင်းခဲ့ပါတယ်။

play

ပွဲစဉ် Highlight ဗီဒီယို

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ