International Sports: ဘရာဇီး ကမ္ဘာ့ဖလားတုန်းကလို မဖြစ်စေရဟု အီတလီနည်းပြ ပြော

၂၀၁၄ ကမ္ဘာ့ဖလားမှာ အီတလီအသင်း ရလဒ်မကောင်းခဲ့ပါဘူး။

play

 

ဘယ်လ်ဂျီယံအသင်းကို နှစ်ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲမှာ အီတလီအသင်းနည်းပြ ကွန်တီ ဝမ်းသားအားရ အောင်ပွဲခံရာမှာ နှာခေါင်းသွေးလျှံလာတဲ့အထိ ဖြစ်ပွားသွားခဲ့ပါတယ်။ အီတလီအသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၃၂ မိနစ်မှာ ဂီယာချီရီနီက သွင်းယူတဲ့ အချိန် ကွန်တီအောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

play

 

အုပ်စုအဖွင့်ပွဲ နိုင်ပွဲရခဲ့ပေမယ့် ၂၀၁၄ ဘရာဇီးကမ္ဘာ့ဖလားတုန်းကလို မဖြစ်အောင် နောက်ပွဲတွေ ဂရုစိုက်ကစားကြဖို့ ကစားသမားတွေကိုလည်း နည်းပြကွန်တီက တိုက်တွန်းခဲ့ပါတယ်။ ၂၀၁၄ ကမ္ဘာ့ဖလားမှာ ကွန်တီရဲ့ အီတလီအသင်းက အခုလိုပဲ အုပ်စုအဖွင့်ပွဲမှာ ရလဒ်ကောင်းခဲ့ပေမယ့် နောက်နှစ်ပွဲ နိုင်ပွဲမရခဲ့တာကြောင့် အုပ်စုက လှည့်ပြန်ခဲ့ကြရပါတယ်။ ဒီအဖြစ်ဟာ အီတလီအသင်းအတွက် နာကျင်နေရဆဲဖြစ်လို့ ပရိသတ်တွေ ဒီဒဏ်ရာက သက်သာလာအောင်ကုစားပေးဖို့လိုတယ်လို့ ကွန်တီက ပြောပါတယ်။

play

 

အီတလီပါဝင်တဲ့ အုပ်စု (E) အဖွင့်ပွဲစဉ်မှာ အီတလီအသင်းက ဂီယာချီနီ၊ ပယ်လီတို့ရဲ့ ဂိုးတွေနဲ့ နိုင်ပွဲရခဲ့ပေမယ့် တစ်ဖက်ပွဲစဉ်ဖြစ်တဲ့ ဆွီဒင်နဲ့ အိုင်ယာလန်တို့ကတော့ သရေကျခဲ့တာဖြစ်ပါတယ်။ ပထမပွဲစဉ်တွေအပြီးမှာ အီတလီက အုပ်စုကိုဦးဆောင်နေပြီး ဒုတိယပွဲစဉ်မှာ ဆွီဒင်ကို အနိုင်ရခဲ့ပေမယ်ဆိုရင် ကွာတားဖိုင်နယ် တက်မှာ ဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ