International Sports: နေမာ၏ ရည်းစားဟောင်းကို ဘောလုံးသမားတစ်ဦး ဓါးဖြင့် တိုက်ခိုက်

နေမာနဲ့ ၂၀၁၅ အထိ တွဲခုတ်ခဲ့ဖူးတဲ့ ဆားဘီးယား မော်ဒယ်ဖြစ်ပါတယ်။

play

 

ဘာစီလိုနာ ဘောလုံးသမားနေမာနဲ့ တွဲခုတ်ခဲ့ဖူးတဲ့ မော်ဒယ် ဗူစီလစ်ကို ပါတီပွဲမှာ အခြားဘောလုံးသမားတစ်ဦးက ဓားနဲ့ တိုက်ခိုက်လိုက်တဲ့အတွက်ဒဏ်ရာ ရရှိသွားခဲ့တယ်လို့ သိရပါတယ်။

play
မော်ဒယ် ဗူစီလစ်နှင့် ဘောလုံးသမား မီဟာလိုဗစ်

 

ရက်ဒ်စတားဘဲလ်ဂရိတ်အသင်းရဲ့ ကစားသမားဟောင်းဖြစ်တဲ့ တိုက်စစ်မှူး စတီဖင်မီဟာလိုဗစ်ရဲ့ နေအိမ်မှာ ပါတီပွဲကျင်းပကြစဉ် အခုလို မတော်တဆ ဖြစ်ရပ်ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ ဒါပေမယ့် မူးရစ်လာတဲ့အချိန်မှာ နောက်ပြောင်ကျီစယ်ရင်း ဖြစ်ပွားခဲ့တာကြောင့် ဒဏ်ရာဟာ သိပ်မပြင်းထန်ခဲ့ပါဘူး။ ဆားဘီးယားပြည်တွင်းမီဒီယာတွေ ဖော်ပြချက်အရ မောဒယ်ဗူစီလစ်ရဲ့ လည်ပင်းနဲ့ ဗိုက်သားတွေနားမှာ ဓါးဒဏ်ရာ အနည်းငယ်စီ ရခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

play

 

နောက်ပိုင်းမှာ တိုက်စစ်မှူး မီဟာလိုဗစ်က မော်ဒယ်ဗူစီလစ်ကို ပြန်လည်တောင်းပန်ခဲ့တယ်လို့ လည်းဆိုပါတယ်။ ဗူစီလစ်နဲ့ ဘရာဇီးကြယ်ပွင့်ကစားသမား နောမာတို့နှစ်ဦးဟာ ၂၀၁၄ ခုနှစ်တုန်းက စတွေ့ခဲ့ကြတာဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ကအထိ တွဲခုတ်ခဲ့ကြဖူးပါတယ်။

Source :  Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ