International Sports: ကိုပါအမေရိကမှာ ကစားခွင့်မရပေမဲ့ ဇနီးနဲ့အတူ ပျော်နေတဲ့ ဖယ်လ်ကာအို

, updated

ဖယ်လ်ကာအိုဟာ ပရီးမီးယားလိဂ်မှာ ထူခြားတဲ့ ခြေစွမ်းပြနိုင်ခြင်းမျိုး မရှိခဲ့သလို ကိုပါအမေရိကပြိုင်ပွဲမှာလည်း ကိုလံဘီယာ လက်ရွေးစင်အဖြစ် ပါဝင်ခွင့်မရခဲ့ပါဘူး။

play


တိုက်စစ်မှူးဖယ်လ်ကာအိုဟာ အင်္ဂလန်ပရီးမီးယားလိဂ် ချယ်လ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက် အသင်းတွေမှာ အငှားလာရောက် ကစားခဲ့ပြီး ထူးခြားတဲ့ ခြေစွမ်းမပြနိုင်ခဲ့သလို ကိုပါအမေရိကပွဲမှာလည်း နိုင်ငံလက်ရွေးစင်အဖြစ် ရွေးချယ်မခံခဲ့ရပါဘူး။

play


ဒီ အခြေအနေတွေက ဖယ်လ်ကာအိုအတွက် စိတ်ညစ်စရာ ဖြစ်ခဲ့ပေမဲ့ လာမယ့် ဘောလုံးရာသီသစ် အကြိုပွဲစဉ်တွေမှာ ပြင်သစ်ကလပ် မိုနာကိုနဲ့အတူ ပြန်ကစားရမယ်လို့ အတည်ပြုပြီးတဲ့နောက် ဖယ်လ်ကာအိုတစ်ယောက် စိတ်သက်သာရာ ရသွားဟန်ရှိပါတယ်။

play


အသက် ၃၀ အရွယ် တိုက်စစ်မှူးက ဘောလုံးကိစ္စတွေ ခေတ္တမေ့ထားခဲ့ပြီး ဇနီးနဲ့သမီးဖြစ်သူတို့နဲ့အတူ မီယာမီကမ်းခြေမှာ အေးအေးလူလူ အနားယူနေပါတယ်။ မီယာမီမှာ ဇနီးဖြစ်သူ လော်ရီလီတာရွန်နဲ့အတူ ရေစိမ်ရင်း အနမ်းတွေခြွေနေတဲ့ ဖယ်လ်ကာအိုကို တွေ့ရပါတယ်။

play


ဖယ်လ်ကာအိုဟာ ၂၀၁၄-၁၅ ဘောလုံးရာသီမှာ မိုနာကိုမှ မန်ယူအသင်းထံ အငှါးလာရောက်ကစားခဲ့ပါတယ်။ ယခု ပြီးဆုံးခဲ့တဲ့ ၂၀၁၅-၁၆ ဘောလုံးရာသီမှာလည်း ပရီးမီးယားလိဂ် ကလပ်အသင်း ချယ်လ်ဆီးမှာ အငှါးချ ကစားသမားဖြစ် ကစားခဲ့ပါတယ်။

play


ပရီးမီးယားလိဂ် ထိပ်သီးအသင်းနှစ်သင်းမှာ ကစားခဲ့ပေမဲ့ ဖယ်လ်ကာအိုဟာ ထူခြားတဲ့ ခြေစွမ်းပြနိုင်ခြင်းမျိုး မရှိခဲ့သလို ယခု လက်ရှိ ကျင်းပနေတဲ့ ကိုပါအမေရိကပြိုင်ပွဲမှာလည်း ကိုလံဘီယာလက်ရွေးစင်အဖြစ် ဖယ်လ်ကာအို ပါဝင်ခွင့်မရခဲ့ပါဘူး။
Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ