International Sports: ဘရာဇီးနည်းပြ ဒွန်ဂါ ထုတ်ပယ်ခံရ

, updated

ဘရာဇီးအသင်း ကိုပါအမေရိကပြိုင်ပွဲ အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရပြီး နှစ်ရက်အကြာမှာ ဒွန်ဂါကို ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။

play


ဘရာဇီးဘောလုံးအဖွဲ့ချုပ်က နည်းပြဒွန်ဂါကို ရာထူးမှ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း ကြေညာပါတယ်။ ဘရာဇီးအသင်း နှစ်တစ်ရာပြည့် ကိုပါအမေရိကပြိုင်ပွဲ အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရပြီး နှစ်ရက်အကြာမှာ အင်္ဂါနေ့ (ဇွန်လ ၁၄ ရက်) က ဒွန်ဂါကို ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။

play


ဘရာဇီးအသင်းဟာ အုပ်စုပွဲစဉ်များအနက် အီကွေဒါနဲ့ ဂိုးမရှိသရေ၊ ဟေတီကို ၇ ဂိုး ၁ ဂိုးဖြင့် အနိုင်ရပြီး ပီရူးကို ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ကာ ကိုပါအမေရိကပြိုင်ပွဲကို အုပ်စုအဆင့်မှပင် ထွက်ခွာခဲ့ရပါတယ်။

ပီရူးကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ဘရာဇီးဘက်ကို ပီးရူးကစားသမား သွင်းယူခဲ့တဲ့ ဂိုးမှာ လက်ဖြင့် သွင်းယူခဲ့ကြောင်း ရုပ်သံအနှေးပြကွက်များအရ မြင်တွေ့ရပြီး ဘရာဇီးအတွက် နစ်နာခဲ့ပါတယ်။ ဘရာဇီးဟာ ၁၉၈၇ ခုနှစ်နောက်ပိုင်း ကိုပါအမေရိကပြိုင်ပွဲကို အုပ်စုအဆင့်မှ ပထမဆုံးအကြိမ် ထွက်ခွာခဲ့ရတာလည်း ဖြစ်ပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ