International Sports: အိုက်စလန်အသင်း ကစားပုံနှင့် စိတ်ဓာတ်ကို ရော်နယ်ဒို ပြင်းပြင်းထန်ထန် ဝေဖန်

, updated

အိုက်စလန်အသင်းဟာ စိတ်ဓာတ်သေးသိမ်တဲ့ အသင်းဖြစ်တယ်လို့ ရော်နယ်ဒိုက ပြောပါတယ်။

play

 

အိုက်စလန်အသင်းနဲ့ သရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာ ပေါ်တူဂီ အသင်းခေါင်းဆောင် ရော်နယ်ဒိုက ပြိုင်ဘက်အသင်းရဲ့ ကစားပုံနဲ့ စိတ်ဓာတ်ကို ဝေဖန်အပြစ်တင်လိုက်ပါတယ်။ ဒီမှတ်ချက် စကားကြောင့် ရော်နယ်ဒိုဟာ ပရိသတ်တွေရဲ့ ဝေဖန်မှု ခံရလိမ့်မယ်လို့လည်း သတင်းတွေက သုံးသပ်ထားကြပါတယ်။

play

 

အိုက်စလန်နဲ့ပွဲစဉ်မှာ ပေါ်တူဂီအသင်းက အဖွင့်ဂိုး သွင်းနိုင်ခဲ့ပေမဲ့ ဒုတိယပိုင်းမှာ ချေပဂိုး ပြန်ပေးလိုက်ရလို့ သရေရလဒ်နဲ့ ကျေနပ်ခဲ့ရပါတယ်။ ပွဲချိန်အတွင်းမှာ ရော်နယ်ဒိုရဲ့ အကြိမ်ကြိမ်ဂိုးပေါက်ခြိမ်းခြောက်မှုကိုလည်း အိုက်စလန်ဂိုးသမား ကာကွယ်နိုင်ခဲ့တာတွေ့ရပါတယ်။ ဒါပေမဲ့ ပွဲပြီးဆုံးချိန်မှာ အိုက်စလန်အသင်းက သရေကျတာကို ယူရိုပြိုင်ပွဲ ချန်ပီယံဆု ရသလို အောင်ပွဲခံနေကြတယ်လို့ ရော်နယ်ဒိုက ပြောလိုက်တာဖြစ်ပါတယ်။

play

 

" သူတို့အသင်းက တစ်ချိန်လုံး ခံစစ်ပဲ ကစားဖို့ ကြိုးစားနေကြတာလေ။ သူတို့ဂိုးပေါက်ကန်သွင်းဖို့ အခွင့်အရေး နှစ်ကြိမ်ပဲ ရခဲ့တာ။ သူတို့အသင်း ဒီပြိုင်ပွဲမှာ ချန်ပီယံပဲ ဖြစ်သွားသလိုလိုနဲ့ အောင်ပွဲခံနေခဲ့ကြတာပါ။ ဒါဟ စိတ်ဓာတ်သေးသိမ်တာပါပဲ။ ဒါကြောင့်မို့လည်း သူတို့အသင်း ဘာမှ လုပ်မပြနိုင်တာပေါ့" လို့ ရော်နယ်ဒိုက ပြောပါတယ်။

play

 

အိုက်စလန်ဟာာ လူဦးရေ သုံးသိန်းကျော်ပဲရှိပြီး ရော်နယ်ဒိုရဲ့ တွစ်တာအကောင့်က Follower ၄၃ သန်းရှိပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ