International Sports: အာဂျင်တီးနား နိုင်ပွဲရပြီးနောက် ကိုပါအမေရိက ကွားတားဖိုင်နယ် ပွဲစဉ်များ ထွက်ပေါ်

, updated

အာဂျင်တီးနားအသင်းက မက်ဆီကို ဒုတိယပိုင်းမှ လူစားထိုး ကစားစေခဲ့တာဖြစ်ပါတယ်။

play

 

ကိုပါအမေရိက အုပ်စုနောက်ဆုံးပွဲစဉ်အပြီးမှာ အာဂျင်တီးနားအသင်းက ဘိုလီဗီးယားအသင်းကို သုံးဂိုးပြတ် နိုင်ပွဲရပြီးနောက် အုပ်စုပထမနေရာယူပြီး ကွာတားဖိုင်နယ် တက်သွားခဲ့ပြီဖြစ်ပါတယ်။ အာဂျင်တီးနားမတိုင်ခင် ကစားခဲ့တဲ့ ပွဲစဉ်မှာလည်း ချီလီက ပနားမားကို ၄-၂ ဂိုးနဲ့ အနိုင်ရလို့ ကွားတားဖိုင်နယ်တက်သွားခဲ့ပါတယ်။

play

 

အာဂျင်တီးနားအသင်း တိုက်စစ်ကိုအဂူရို၊ ဟီဂူအင်တို့ ဦးဆောင်ခဲ့ပြီး မက်ဆီကိုတော့ ပွဲထွက်စာရင်းမှာ ထည့်သွင်းအသုံးပြုခြင်းမရှိခဲ့ပါဘူး။ အရှေ့နှစ်ပွဲနိုင်ထားလို့ အုပ်စုတက်နေပြီးသားဖြစ်တဲ့ အာဂျင်တီးနားအသင်းက ဘိုလီဗီးယားကို သက်သက်သာသာနဲ့ အနိုင်ကစားသွားတာဖြစ်ပါတယ်။

play

 

အုပ်စုပထမ ရခဲ့တဲ့အတွက် အာဂျင်တီးနားအသင်းက ကွာတားဖိုင်နယ်မှာ ဗင်နီဇွဲလားအသင်းနဲ့ ရင်ဆိုင်တော့မှာဖြစ်ပါတယ်။ အမေရိကန်အသင်းက အီကွေဒေါနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ကိုလံဘီယာက မက္ကဆီကိုနဲ့ တွေ့ရမှာဖြစ်ပါတယ်။ ဘိုလီဗီးယားနဲ့ ရင်ဆိုင်ရခဲ့ရတဲ့ ပွဲစဉ်မှာ အာဂျင်တီးနားအသင်းက ပွဲချိန် မိနစ် ၂၀ အတွင်း သုံးဂိုးသွင်းနိုင်ခဲ့ပြီးနောက် ကွာတားဖိုင်နယ်ကို ရှုံးပွဲမရှိ တက်ရောက်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၃ မိနစ်မှာ အာဂျင်တီးနား အသင်းအတွက် ပထမဆုံး သွင်းဂိုးကို ပြစ်ဒဏ်ဘောကတစ်ဆင့် လာမီလာ သွင်းယူခဲ့တာဖြစ်ပါတယ်။ နောက်ထပ်နှစ်မိနစ်အကြာမှာ ဟီဂူအင်ခေါင်းတိုက်ချက်ကြောင့် ပြန်ထွက်လာတဲ့ ဘောလုံးကို လာဗက်ဇီ ပိတ်သွင်းခဲ့လို့ ဒုတိယဂိုး ထပ်ရပါတယ်။ တိုက်စစ်မှူး အဂူရိုကန်သွင်းလိုက်တဲ့ဘောလုံးကို ဘိုလီဗီးယား ကစားသမား ပိတ်ဆို့နိုင်ခဲ့ပေမဲ့ လာဗက်ဇီထံ ဘောလုံးရောက်သွားခဲ့ပါတယ်။ လာဗက်ဇီက ဂိုးရှေ့ရောက်နေတဲ့ ကွက်ဇတာထံကို အလိုက်သင့်ပေးလိုက်လို့ နောက်ထပ် တစ်ဂိုး ထပ်ရခဲ့တာပါ။

ကိုပါအမေရိက ကွာတားဖိုင်နယ် ပွဲစဉ်များ

အမေရိကန် - အီကွေဒေါ

အာဂျင်တီးနား - ဗင်နီဇွဲလား

မက္ကဆီကို - ချီလီ

ပီရူး - ကိုလံဘီယာ

Source : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ