International Sports: ယူရိုပွဲမှာ ရန်လိုတိုက်ခိုက်ရန် ရုရှားလူရမ်းကားများ လေ့ကျင့်ခဲ့မှု ဗီဒီယိုထွက်ပေါ်

, updated

အပြန်အလှန် ယှဉ်ပြိုင်တိုက်ခိုက်ပြကြပြီး လက်ရွေးစင် တိုက်ခိုက်မှုအဖွဲ့မှာ ပါဝင်နိုင်ရန် အစမ်းသပ်ခံခဲ့ကြပါတယ်။

play


ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲများ ကျင်းပရာ ပြင်သစ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရန်ပွဲများအတွင် ရမ်းကားတိုက်ခိုက်မှုများကို ဦးဆောင်ခဲ့တဲ့ ရုရှားဘောလုံးပရိသတ် လူရမ်းကားတွေရဲ့ တိုက်ခိုက်သတ်ပုတ်မှု စွမ်းရည်စမ်းသပ်တဲ့  ဗီဒီယိုတစ်ခု အွန်လိုင်းမှာ ထွက်ပေါ်လာပါတယ်။

play

 

play


ဗီဒီယိုထဲမှာ လူရမ်းကား အုပ်စုနှစ်စုကို ထိပ်တိုက်ဆုံတွေ့စေကာ အပြန်အလှန် ယှဉ်ပြိုင်တိုက်ခိုက်ပြကြပြီး လက်ရွေးစင် တိုက်ခိုက်မှုအဖွဲ့မှာ ပါဝင်နိုင်ရန် အစမ်းသပ်ခံခဲ့ကြတာ တွေ့ရပါတယ်။

play
play


၎င်းတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည် ယှဉ်ပြိုင်ပြသမှုကို အဖွဲ့ခေါင်းဆောင်တွေက ကြည့်ရှုသုံးသပ်ပြီး ရွေးချယ်ကြတာ ဖြစ်ပါတယ်။

play


ရွေးချယ်မှုပထမအဆင့် အောင်မြင်ခဲ့သူတွေဟာ ယခင် အောင်မြင်ခဲ့ပြီးသားသူတွေရဲ့ ကြမ်းတမ်းတဲ့ ထိုးကြိတ်ရိုက်နှက်မှုကို ခံရပြီး ရွေးချယ်ခြင်း မခံရဘဲ ရှုံးနိမ့်ခဲ့သူတွေဟာလည်း နောက်တစ်ကြိမ် ထိုးကြိတ်ရိုက်ပုတ်ခံရကြောင်း The Sun သတင်းက ပြောပါတယ်။

play
play


ယူရိုပွဲများ ကျင်းပနေတဲ့ မာဆေးလ်မြို့ ရန်ပွဲတွေမှာ သေချာစွာ လေ့ကျင့်ထားတဲ့ ရုရှားလူရမ်းကားများ ဦးဆောင်ပါဝင်ခဲ့ကြောင်း အစိုးရရှေ့နေ ဘရိုက်စ်ရော်ဘင်က ပြောကြားခဲ့ပြီးနောက်ပိုင်း ယခု ဗီဒီယို ပျံ့နှံ့ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ရုရှားလူရမ်းကားများ တိုက်ခိုက်မှုစွမ်းရည် စမ်းသပ်သည့် ဗီဒီယို


Source & Photo: The Sun, Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ