International Sports: ဝေးလ်အသင်း၏ ဝေဖန်မှုများ အဆင့်မရှိဟု ရွိုင်းဟော့ဆန် တုန့်ပြန်

, updated

အင်္ဂလန်နဲ့ ဝေးလ်အသင်းက အုပ်စုဒုတိယပွဲစဉ်ကို ယနေ့ကစားကြမှာ ဖြစ်ပါတယ်။

play

 

ဝေးလ်အသင်းနဲ့ ပွဲမစခင်မှာ စကားစစ်ထိုးမှုတွေ ပြုလုပ်နေတော့မှာ မဟုတ်ဘဲ ကွင်းထဲကျမှသာ သက်သေပြမယ်လို့ အင်္ဂလန်နည်းပြ ရွိုင်းဟော့ဆန်က ပြန်လည်တုန့်ပြန်လိုက်ပါတယ်။ အင်္ဂလန်နဲ့ ဝေးလ်အသင်းက ယူရိုပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ်အဖြစ် ယနေ့ည ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီလိုမှတ်ချက်မျိုးဟာ အဆင့်မရှိဘူးလို့ ရွိုင်းဟော့ဆန်က တုန့်ပြန်ပါတယ်။

play

 

အင်္ဂလန်အသင်းအနေနဲ့ ပြိုင်ပွဲမှာ အောင်မြင်မှုရဖို့ စိတ်ဓာတ်ပြင်းပြမှု မရှိဘူးလို့ ဝေးလ်အသင်း အဓိက ကစားသမားတွေဖြစ်တဲ့ ဂါရက်ဘေးလ်နဲ့ ရမ်ဆေးတို့က ဝေဖန်ခဲ့ကြတာပါ။ ဒါပေမဲ့ ဒီလို ဝေဖန်မှုတွေကို ဂရုစိုက်နေမှာ မဟုတ်ဘူးလို့ နည်းပြ ရွိုင်းဟော့ဆန်က ပြောပါတယ်။ လူတွေဝေဖန်တာကိုသာ လိုက်ဂရုစိုက်နေမယ်ဆိုရင် အင်္ဂလန်အသင်းရဲ့ ကိုယ့်ခြေစွမ်းပေါ် အာရုံစိုက်မှု လျော့နည်းသွားလိမ့်မယ်လို့ ဆိုပါတယ်။

play

 

ဒါပေမဲ့ အင်္ဂလန်အသင်းရဲ့ အောင်မြင်မှု ပြင်းပြတဲ့စိတ်အပေါ်  ဘယ်တုန်းကမှ သံသယ မရှိခဲ့ဘူးလို့လည်း ဝေးလ်အသင်း ကစားသမားတွေရဲ့ တုန့်ပြန်ချက်တွေကို နည်းပြက ပြန်လည်ချေပလိုက်ပါတယ်။ အင်္ဂလန်အသင်းက ပွဲဦးထွက်မှာ သရေကျထားလို့ တစ်မှတ်သာ ရထားပြီး ဝေးလ်အသင်းက သုံးမှတ်ရထားပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ