International Sports: ဘောင်းဘီထဲ လက်နှိုက်မိသည့် ဂျာမနီနည်းပြ ပြန်တောင်းပန်ရ

, updated

ဂျာမနီနဲ့ ယူကရိန်းပွဲစဉ်မှာ အမှတ်တမဲ့ ဖြစ်ပွားခဲ့တာပါ။

play

 

ယူရိုပြိုင်ပွဲဝင် ဂျာမနီအသင်း ယူကရိန်းနဲ့ ကစားခဲ့တဲ့ အဖွင့်ပွဲစဉ်မှာ ပြုလုပ်ခဲ့မိတဲ့ အပြူအမူအတွက် နည်းပြဂျိုအာချင်လိုက ပြန်လည်တောင်းပန်လိုက်ပါတယ်။ ဂျာမနီအသင်းနည်းပြ ဂျိုအာချင်လိုက နည်းပြအဖွဲ့ဝင်တွေနဲ့ အရန်ကစားသမားတွေ ထိုင်တဲ့ ဧရိယာအနီးမှာ ဘောင်းဘီထဲလက်နှိုက်နေမိခဲ့တာဖြစ်ပါတယ်။

play

 

လူမြင်ကွင်းမှာ ဘောင်းဘီထဲ လက်နှိုက်ခဲ့တဲ့အပြင် သူ့ရဲ့လက်ကို ပြန်နမ်းမိလိုက်တဲ့ လုပ်ရပ်အတွက် ဓာတ်ပုံတွေနဲ့ ဗီဒီယိုဖိုင်တွေ အွန်လိုင်းမှာ ရေပန်းစားခဲ့ပေါသေးတယ်။ နည်းပြဂျိုအာချင်လိုရဲ့ အမှတ်တမဲ့ လုပ်ရပ်အတွက် အွန်လိုင်းပရိသတ်တွေအကြား ရယ်စရာ ဖြစ်ခဲ့ရပါသေးတယ်။ "ကျွန်တော်လည်း ဓာတ်ပုတွေမြင်ပါပြီ။ ဒါမသိစိတ်က သူ့အလိုလို လုပ်မိသွားတာမျိုးပါ။ ဒီအတွက် ကျွန်တော့်ဘက်ကပဲ တောင်းပန်ပါတယ်" လို့ နည်းပြဂျိုအာချင်လို ပြောပါတယ်။

ဂျာမနီနည်းပြ ဂျိုအာချင်လိုရဲ့ လုပ်ရပ်ဟာ ပြောလောက်စရာ ပြဿနာမဟုတ်ဘူးလို့ အသင်းလက်ရွေးစင် ပိုဒေါစကီးကလည်း ကာကွယ်ပြောကြားခဲ့ပါသေးတယ်။ ယောက်ျားလေးအများစု ဒီလိုမျိုး လုပ်ဖူးကြတယ်လို့လည်း ပိုဒေါစကီးက တုန့်ပြန်ခဲ့ပါတယ်။

Source : Telegraph

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ