International Sports: ဆိုးသွမ်းရုရှား ပရိသတ်များဘက်မှ သမ္မတ ပူတင် ကာကွယ်ပြောကြား

ဆိုးသွမ်းသူ အားလုံးကို တန်းတူညီမျှ အရေးယူသင့်တယ်လို့ ပူတင်က ဝေဖန်ပါတယ်။

play

 

ယူရိုပြိုင်ပွဲမှာ ထိပ်တိုက်တွေ့ပြီး ခိုက်ရန်ဖြစ်ပွားမှုတွေ ရှိခဲ့ကြတဲ့ ရုရှားနဲ့ အင်္ဂလန်ပရိသတ်တွေ ကိစ္စမှာ ရုရှာသမ္မတပူတင်က ရုရှားပရိသတ်တွေကိုယ်စား ကာကွယ်ပြောကြားလိုက်ပါတယ်။ အကြမ်းဖက်လုပ်ရပ်ဟာ စိတ်မချမ်းမြေ့စရာဆိုတာကိုတော့ ထောက်ခံကြောင်း သမ္မတပူတင်က ပြောပါတယ်။

play

 

အင်္ဂလန်နဲ့ ရုရှား အဖွင့်ပွဲတွေ့ဆုံခဲ့တဲ့ မာဆေးလ်မြို့မှာလည်း ရုရှားနဲ့ အင်္ဂလန်ပရိသတ်တွေ လမ်းမထက်မှာ ခိုက်ရန်ဖြစ်ပွားခဲ့ကြတဲ့အပြင် ကွင်းအတွင်းမှာလည်း ပရိသတ်အချို့ ဆူပူသောင်းကျန်းခဲ့ကြပါသေးတယ်။ အဲဒီနောက် ကွင်းအတွင်း ပရိသတ်တွေဆိုးသွမ်းရင် ရုရှားအသင်းကို ပြိုင်ပွဲက ထုတ်ပစ်မယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ်က သတိပေးခဲ့ရပါတယ်။ အုပ်စုဒုတိယပွဲစဉ် အင်္ဂလန်နဲ့ ဝေးလ်အသင်း လိုင်လီမြို့မှာ ကစားခဲ့တဲ့ ပွဲစဉ်မှာလည်း လမ်းမတွေထက်မှာ အင်္ဂလန်နဲ့ ရုရှားပရိသတ်တွေ ခိုက်ရန်ဖြစ်ပွားမှု ရှိခဲ့ပေါသေးတယ်။

play

 

ဆူပူမှု လုပ်ရပ်ဟာ စိတ်မချမ်းမြေ့စရာ ဆိုပေမယ့် စုစုပေါင်း ရုရှားပရိသတ် ၂၀၀ လောက်က များစွာသော အင်္ဂလန်ပရိသတ်တွေကို ဘယ်လို အနိုင်ကျင့်လဲဆိုတာ စဉ်းစားမရဘူးလို့ ပူတင်က ပြောပါတယ်။ ဒါ့အပြင် ပြိုင်ပွဲကို အရုပ်ဆိုး အကျည်းတန်စေသူ မည်သည့်ပရိသတ်ကိုမဆို တန်းတူ အရေးယူသင့်ကြောင်း ပူတင်က ပြင်သစ်နဲ့ ယူအီးအက်ဖ်အေ အာဏာပိုင်တွေကို ဝေဖန်လိုက်ပါတယ်။

"ဒီလုပ်ရပ်တွေဟာ စိတ်ပျက်စရာပါ။ ဒါပေမယ့် ကျွန်တော်စဉ်းစားမရတာက ရုရှားပရိသတ် ၂၀၀ လောက်က အင်္ဂလန်ပရိသတ်အများကြီးနဲ့ ဘယ်လို ရန်ဖြစ်ကြလဲ ဆိုတာကိုပါပဲ"လို့ ပူတင်က ပြောပါတယ်။

Soource : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ