International Sports: ပလတ်စတစ်ခွက်နဲ့ပေါက်လို့ စုံတွဲတစ်တွဲကို လုံခြုံရေးဝန်ထမ်းများ အပြင်းအထန် ထိုးကြိတ်

, updated

လူငယ်စုံတွဲတစ်တွဲကို ဟိုတယ်ဝန်ထမ်းတွေ ဝိုင်းဝန်ထိုးကြိတ်ခဲ့ကြတာဖြစ်ပါတယ်။

play

 

စပိန်နိုင်ငံ ကြယ်လေးပွင့် ဟိုတယ်တစ်ခုမှာ လုံခြုံရေးဝန်ထမ်းတွေကို ပလတ်စတစ်ခွက်နဲ့ ပစ်ပေါက်မိခဲ့တဲ့ လူငယ်စုံတွဲနှစ်ဦးကို လုံခြုံရေးဝန်ထမ်းတွေက ပြင်းပြင်းထန်ထန် ပြန်လည်ထိုးနှက်လိုက်တဲ့ ဗီဒီယိုဖိုင်တစ်ခု အွန်လိုင်းလူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။ ဘီအိတ်ရှ်မာယော့ကာ ဟိုတယ်မှာ ဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာဖြစ်ပြီး အမျိုးသမီးဖြစ်သူလည်း လုံခြုံရေးဝန်ထမ်းတွေရဲ့ တိုက်ခိုက်မှုကြောင့် လဲကျခဲ့ရပါတယ်။

play

 

လုံခြုံရေးဝန်ထမ်းတွေနဲ့ အဆိုပါစုံတွဲ အချင်းများကြပြီးနောက် အမျိုးသမီးဖြစ်သူဘက်က ပလတ်စတစ်ခွက်နဲ့ အရင်ပစ်ပေါက်ခဲ့တယ်လို့ မျက်မြင်သက်သေတစ်ဦးက ပြောပါတယ်။ အဲဒီနောက် လုံခြုံရေးဝန်ထမ်းတစ်ဦးက သူမရဲ့မျက်နှာကို ရိုက်လိုက်ပြီးတဲ့အခါ သူမရဲ့ ချစ်သူအမျိုးသားကိုလည်း ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြတာကို ဗီဒီယိုဖိုင်ထဲမှာ တွေ့ခဲ့ရပါတယ်။ အဲဒီနောက် ထိုးကြိတ်ခံရတဲ့ အမျိုးသားဖြစ်သူက ဒဏ်ရာများစွာ ရထားတဲ့ မျက်နှာကို ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ခဲ့ပြီးနောက်ပိုင်း ဟိုတယ်ရဲ့ လုံခြုံစိတ်ချရမှုအပေါ် ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။

play

 

အဆိုပါအမျိုးသား လဲကျသွားပြီး မလှုပ်နိုင်တော့သည့်တိုင်အောင် လုံခြုံရေးဝန်ထမ်းတွေ ထိုးကြိတ်နေခဲ့ပုံက စိတ်ပျက်စရာဖြစ်တယ်လို့ မန်ချက်စတာမှာ နေထိုင်သူ မာတက်ခ်ျကိုဆိုတဲ့ အမျိုးသမီးက ဖေ့စ်ဘွတ်မှာ ဝေဖန်ရေးသားခဲ့ပါတယ်။

play

 

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ