International Sports: အုပ်စု ဒုတိယသာ ရခဲ့သဖြင့် ပေါ်တူဂီ၊ ပြင်သစ်၊ ဂျာမနီတို့နှင့် အင်္ဂလန်တွေ့ရဖွယ်ရှိ

ရုရှားနဲ့ ဗင်နီဇွဲလားကို အနိုင်မရတဲ့ အကျိုးဆက်အဖြစ် အင်္ဂလန်ဟာ အသင်းကြီးတွေနဲ့သာ တောက်လျှောက်တွေ့ရမှာ ဖြစ်ပါတယ်။

play

 

ယူရို ၂၀၁၆ အုပ်စုနောက်ဆုံးပွဲမှာ ဆလိုဗက်ကီးယားကို အနိုင်မရခဲ့တဲ့ အင်္ဂလန်အသင်းဟာ လာမယ့် တစ်လျှောက်ပွဲစဉ်တွေမှာ ဥရောပထိပ်သီးအသင်း တွေနဲ့သာ တွေ့ရမှာဖြစ်တာကြောင့် ဗိုလ်စွဲနိုင်ချေမရှိတော့ဘူးလို့ သုံးသပ်မှုတွေရှိနေပါတယ်။ အုပ်စုတွင်းပွဲစဉ်သုံးပွဲမှာ ရုရှားနဲ့ ဆလိုဗက်ကီးယားတို့ကို အနိုင်မကစားနိုင်ခဲ့တဲ့ အကျိုးဆက်ကို အင်္ဂလန်ခံစားရတော့မယ်လို့ ဆိုပါတယ်။

play

 

ပွဲစဉ်တွေ ကြိုတင်ရေးစဉ်ထားမှုအရ အုပ်စု (F) က ဒုတိယရတဲ့အသင်းနဲ့ ဒီဘက်က အုပ်စု ဒုတိယရတဲ့ အင်္ဂလန်အသင်း တွေ့ဆုံရမှာဖြစ်ပါတယ်။ အုပ်စု (F) မှာ ပေါ်တူဂီအသင်းက နောက်ဆုံးပွဲစဉ် ဟန်ဂေရီနဲ့ ကစားဦးမှာဖြစ်ပါတယ်။ ထူးခြားတာက ပေါ်တူဂီ ပါဝင်တဲ့ အုပ်စု (F) မှာ နောက်ဆုံးပွဲမကစားခင်အချိန်ထိ အသင်း လေးသင်းလုံး အုပ်စုဒုတိယ ဖြစ်နိုင်ချေ ရှိနေသေးတာ ဖြစ်ပါတယ်။

play

 

၁၆ သင်းရှုံးထွက်အဆင့်မှာ တွေ့နိုင်ချေရှိတဲ့ ပေါ်တူဂီကို ကျော်ဖြတ်နိုင်ပြီဆိုရင် ကွာတားဖိုင်နယ်ကို တက်လာနိုင်ချေရှိတဲ့ အိမ်ရှင်ပြင်သစ်အသင်းနဲ့ တွေ့ရမှာ ဖြစ်ပါတယ်။ ပြင်သစ်ကို ကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင်တောင် ဆီမီးဖိုင်နယ်ကို တက်လာနိုင်ချေရှိတဲ့ ဂျာမနီအသင်းနဲ့ တွေ့ဆုံရမှာဖြစ်ပါတယ်။

Source : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ