AD
AD
AD

 

ဘာစီလိုနာအသင်း တိုက်စစ်မှူး နေမာ ဒီနှစ်နွေရာသီအပြောင်းရွှေ့မှာ အသင်းကထွက်ခွာနိုင်ကြောင်း နေမာရဲ့ အစ်မဖြစ်သူ ရာဖယ်လာက အရိပ်အမြွက် ပြောကြားလိုက်ပါတယ်။

play

 

တိုက်စစ်ကစားသမား နေမာကို ခေါ်ယူဖို့ မန်ယူအသင်းနဲ့ ပြင်သစ်ကလပ် ပီအက်စ်ဂျီတို့က ခေါ်ယူဖို့ ကြိုးပမ်းနေချိန်မှာ သူ့ရဲ့အစ်မဖြစ်သူက လူမှုကွန်ယက်ကဆင့် အရိပ်အမြွက် ပြောကြားလိုက်တာဖြစ်ပါတယ်။ နောမာကိုခေါ်ယူချင်နေတဲ့ ထိပ်သီးအသင်း အနည်းဆုံး သုံးသင်းခန့်ရှိကြောင်း အေးဂျင့်ဖြစ်သူကလည်း မကြာသေးခင်က ပြောကြားထားပါသေးတယ်။

play

 

ရာဖယ်လာက ရထားတံခါးပေါက်တစ်ပေါက်ရဲ့ ဓာတ်ပုံကို အင်စတာဂရမ်မှာ တင်ပြီး "မင်းကို ပျော်ရွှင်မှု ပေးနိုင်တဲ့နေရာ သွားနိုင်မယ်လို့ ငါမျှော်လင့်တယ်" လို့ ရေးသားထားတာဖြစ်ပါတယ်။

play

 

တံခါးပေါက်ပုံနဲ့ ဒီစာသားဟာ နေမာရဲ့  အပြောင်းအရွှေ့ကိစ္စကိုသာ ရည်ညွှန်းတာဖြစ်ကြောင်း ဗြိတိန်မီဒီယာတွေက ရေးသားဖော်ပြကြတာဖြစ်ပါတယ်။ နေမာအတွက် စပိန်မြေမှာ အခွန်ပေးဆောင်ရမှု များပြားနေတဲ့အတွက်လည်း အခြားနေရာကို ပြောင်းရွှေ့ချင်နေတာဖြစ်ပါတယ်။  ဘာစီလိုနာ အသင်းမှာ ဆက်ရှိနေမယ်ဆိုရင် မက်ဆီရဲ့ နောက်မှာသာ ရှိနေလိမ့်မယ်လို့လည်း နေမာက ယူဆထားတယ်လို့ ဆိုပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD