International Sports: မက်ဆီပင်နယ်တီလွဲပြီး ကိုပါအမေရိကဖလားကို ချီလီ နှစ်ကြိမ်မြောက် ဆွတ်ခူး

ချီလီအသင်းက နှစ်ကြိမ်ဆက်တိုက် ကိုပါအမေရိက ချန်ပီယံဖြစ်ခဲ့ပါတယ်။

play


ချီလီအသင်းအတွက် နှစ်ကြိမ်ဆက်တိုက်ချန်ပီယံဖြစ်ခဲ့ပေမယ့် အာဂျင်တီးနားကတော့ ကိုပါအမေရိကဖလားမှာ ဥရုဂွေးရဲ့ အောင်မြင်မှုအရဆုံး စံချိန်ကို လိုက်မမီသေး ဖြစ်နေရဆဲပါ။

play


အာဂျင်တီးနားအသင်း တိုက်စစ်မှာ အဓိက ကစားသမားတွေဖြစ်တဲ့ မက်ဆီ၊ ဟီဂူအင်၊ တို့ကို ပွဲထုတ်ခဲ့ပြီး ဆီမီးဖိုင်နယ်မှာ မပါတဲ့ခဲ့တဲ့ ဒီမာရီယာလည်း ပါဝင်လာပါတယ်။ ချီလီဘက်က ဆန်းချက်ဇ်၊ ဗာဂတ်စ်တို့ကို တိုက်စစ်ဦးဆောင်စေခဲ့ပါတယ်။

play


ပွဲစကတည်းက အာဂျင်တီးနား အသင်းဘက်က ဖိအားပေး ကစားနိုင်ခဲ့ပြီး ပွဲချိန် ၂၈ မိနစ်မှာ ချီလီအသင်းဘက်က တစ်ယောက်ထွက်ခဲ့ရပါတယ်။ ဒါကြောင့် ချီလီအသင်းအပေါ် အာဂျင်တီးနားရဲ့ ဖိအားပေးမှုဟာ ပိုပြီးအားကောင်းခဲ့ပါတယ်။

play


မက်ဆီကို ဖြတ်ထုတ်ပုံ ကြမ်းခဲ့တဲ့အတွက် ချီလီကစားသမား ဒိုင်ရက်ဇ် နှစ်ဝါတစ်နီနဲ့ ထွက်ခဲ့ရတာဖြစ်ပါတယ်။

play


အာဂျင်တီးနား တိုက်စစ်ကို ချီလီအသင်း ပိုပြီးခက်ခက်ခဲခဲ ကာကွယ်ခဲ့ရပေမယ့် ပွဲချိန် ၄၂ မိနစ်မှာ ဒုတိယအကြိမ် ပွဲရဲ့အလှည့်အပြောင်း ဖြစ်ခဲ့ပြန်ပါတယ်။

play


ဗီဒယ်ကို အဖျက်ကြမ်းခဲ့တဲ့ဆိုပြီး မားကို့စ်ရိုဟိုကို ကွင်းလယ်ဒိုင်က အနီကတ်ပြထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ ပထမပိုင်း အပြီးမှာတင် အဝါကတ် ၄ ကဒ်နဲ့ အနီကတ် ၂ ကတ်ရှိခဲ့လို့ ပွဲဟာ ကြမ်းတမ်းခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

play


ဒုတိယပိုင်း တစ်ပိုင်းလုံးမှာလည်း ချီလီအသင်းက တန်ပြန်တိုက်စစ်ချောင်းကစားနေခဲ့ပြီး အာဂျင်တီးနားကို အချိန်ပိုရောက်အောင် စွဲခေါ်နိုင်ခဲ့ပါတယ်။

play


ဆန်းချက်ဇ်နဲ့ ဗီဒယ်တို့လို ကစားသမားတွေရှိတာကြောင့် အာဂျင်တီးနားဟာ တန်ပြန်တိုက်စစ်ကတဆင့် ဂိုးပေးရမှာ စိုးတာကြောင့် ရှေ့ကို စိတ်ချလက်ချ တိုက်စစ်မဆင်နိုင်ခဲ့ပါတယ်။

play


အချိန်ပို ဆက်ကစားပြီး ပွဲချိန် ၁၀၁ မိနစ်အရောက်မှာ အာဂျင်တီးနား အသင်းတိုက်စစ်မှူး အဂူရိုရဲ့ အပိုင်ကန်ချက်ကို ချီလီဂိုးသမား ဘရာဗို ကာကွယ်နိုင်ခဲ့ပါတယ်။ အချိန်ပို ပထမပိုင်းမှာ အာဂျင်တီးနားအတွက် စပါးကစားသမား အဲရစ်လာမီလာ လူစားဝင်လာပါသေးတယ်။

play
play


ပင်နယ်တီ အဆုံးအဖြတ်  ခံယူရာမှာ ချီလီအသင်းရဲ့ ပထမဆုံး ပင်နယ်တီကို ဗီဒယ်ကလွဲချော်ခဲ့သို မက်ဆီလည်း အာဂျင်တီးနားအတွက် ပထမဆုံး ပင်နယ်တီကို လွဲချောခဲ့ပါတယ်။

play


အာဂျင်တီးနားအတွက် ၅ လုံးမြောက်ပင်နယ်တီကို ရိုဒရီဂိုဘစ်ဂီလီယာ မဝင်ခဲ့လို့ ချီလီအသင်း နောက်တစ်ခါ ချန်ပီယံ ထပ်ဖြစ်ခဲ့ပါတယ်။

Source : The Guardian

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ