AD
AD
AD
play


ယူရို ၂၀၁၆ ရဲ့ ၁၆ သင်းအဆင့်မှာ အင်္ဂလန်အသင်းက အိုက်စလန်ကို ရှုံးနိမ့်ပြီးနောက် နည်းပြရွိုင်းဟော့ဆန်က ရာထူးက နုတ်ထွက်သွားပြီဖြစ်ပါတယ်။ အင်္ဂလန် အသင်းက ပွဲအစပိုင်းမှာ ပင်နယ်တီနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့လည်း အိုက်စလန်ရဲ့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုပေးခဲ့ရတာပါ။

play

play


ဒါပေမဲ့ အင်္ဂလန်အသင်း ဦးဆောင်ဂိုးရပြီး နှစ်မိနစ်အကြာမှာ ချေပဂိုး ပြန်ပေးခဲ့ရသလို ၁၈ မိနစ်မှာလည်း ဂျိုးဟတ်ရဲ့ အမှားကတစ်ဆင့် အိုက်စလန်အသင်းအတွက် ဒုတိယဂိုးကို ခွင့်ပြုပေးလိုက်ရတာပါ။ အင်္ဂလန်အသင်းနဲ့ နည်းပြရွိုင်းဟော့ဆန် ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းကလည်း ဒီပြိုင်ပွဲပြီးရင် ကုန်ဆုံးမှာဖြစ်ပါတယ်။ ဒါပေမဲ့ အင်္ဂလန်အသင်းနည်းပြအဖြစ် ဆက်မလုပ်တော့ဖို့ နည်းပြရွိုင်းဟော့ဆန်ဘက်က အရင်ဆုံးဖြတ်ခဲ့တာပါ။

play


ရွိုင်းဟော့ဆန်နဲ့အတူ လက်ထောက်နည်းပြတွေဖြစ်တဲ့ ဂယ်ရီနဗီးလ်နဲ့ ရေးလီဝင်တန်တို့လည်း ရာထူးက နုတ်ထွက်ကြပြီဖြစ်ပါတယ်။ အိုက်စလန်လို အသင်းငယ်ကို အံ့အားသင့်ဖွယ် ရှုံးပြီးနောက် အင်္ဂလန်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ပရိသတ်တွေ ဒေါသထွက်နေကြပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD