International Sports: မက်ဆီအပြင် အခြား စီနီယာ ကစားသမားများလည်း လက်ရွေးစင်ဘဝမှ အနားယူမည်ဟုဆို

လက်ရှိအာဂျင်တီးနားအသင်းရဲ့ စီနီယာကစားသမား ငါးဦးလောက် အနားယူဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

play

 

အာဂျင်တီးနား လက်ရွေးစင်ဘဝက အနားယူဖို့ ဆုံးဖြတ်သွားတဲ့ လီယွန်နယ်မက်ဆီနဲ့အတူ အသင်းရဲ့ အခြားအဓိက ကစားသမားတွေလည်း အနားယူတော့မယ်လို့ သတင်းတွေကဆိုပါတယ်။ အထူးသဖြင့် မက်ဆီအပြင် အခြားအဓိက ကစားသမားနှစ်ဦးဖြစ်တဲ့ အဂူရိုနဲ့ မာရှေယာနိုတို့လည်း လက်ရွေးစင်ဘဝက အနားယူတော့မယ်လို့ သိရပါတယ်။

play

 

ချီလီအသင်းကို ဗိုလ်လုပွဲမှာ ရှုံးနိမ့်ပြီးနောက် "ကျွန်တော့်တွက် လက်ရွေးစင်ဘဝ ကုန်ဆုံးသွားပါပြီ။ ဗိုလ်လုပွဲ လေးပွဲရှိပါပြီ ဒီလိုကြုံရတာ။ ချန်ပီယံမဖြစ်ခြင်းဟာ အလွန်နာကျင်ရပါတယ်" လို့ မက်ဆီက ပြောခဲ့တာပါ။ ဒီအချိန်မှာ လက်ရွေးစင်ဘဝက အနားယူတာ မက်ဆီတစ်ယောက်တည်း ဖြစ်မှာ မဟုတ်ဘူးလို့ အဂူရိုက ပြောခဲ့ပါသေးတယ်။ " မက်ဆီလိုပဲ အခြားကစားသမားတွေလည်း အနားယူဖို့ စဉ်းစာနေကြပါတယ်။ ကျွန်တော်မြင်ဖူးသမျှ အာဂျင်တီးနား အသင်း အဝတ်လဲခန်း အခြေအနေတွေထဲမှာ အခုအခြေအနေက အဆိုးဆုံးပါပဲ" လို့ အဂူရိုက ပြောခဲ့တာဖြစ်ပါတယ်။

play

 

မက်ဆီ၊ အဂူရိုနဲ့ မာရှေယာနိုအပြင် ဟီဂူအင်၊ ဘစ်ဂလီယာတို့လည်း လက်ရွေးစင်ဘဝက အနားယူနေကြကြောင်း ကောလာဟလ သတင်းတွေထွက်နေပါတယ်။ မက်ဆီကို ဆုံးဖြတ်ချက် ပြန်ပြင်ဖို့ အာဂျင်တီးနား သမ္မတက ဖုန်းဆက်ပြီး တိုက်တွန်းခဲ့တယ်လို့လည်း သိရပါတယ်။

Source : SB nation

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ