International Sports: ဖလော်ရီဒါကမ်းခြေမှာ လန်းခဲ့တဲ့ မာဆယ်လိုစုံတွဲ

မာဆယ်လိုက အမေရိကန်ကို မိသားစု အပန်းဖြေခရီးထွက်ခဲ့တာ ဖြစ်ပါတယ်။

play


ရီးရဲမက်ဒရစ်မှ ကမ္ဘာကျော် ကစားသမား မာဆယ်လိုတစ်ယောက် ဇနီးဖြစ်သူနဲ့အတူ အားလပ်ရက် အနားယူနေပါတယ်။ ဘရာဇီး နောက်ခံကစားသမားက ဘောလုံးကွင်းမှဝေးရာ ဖလော်ရီဒါကမ်းခြေမှာ ဇနီးသည် ကလာရိုက်စ်အဲလ်ဗက်စ်နဲ့အတူ အပန်းဖြေခရီးထွက်ခဲ့တာ ဖြစ်ပါတယ်။

play


ဖလော်ရီဒါကမ်းခြေမှာ မြင်တွေ့ရတဲ့ မာဆယ်လိုရဲ့ ဇနီး မင်းသမီးဖြစ်သူရဲ့ ဘီကီနီအလှက ကမ်းခြေမှာအပန်းဖြေသူများကြား မျက်စိကျစရာ ဖြစ်ခဲ့ပါတယ်။

play


ကလေးနှစ်ဦးရဲ့ မိခင်ဖြစ်ပေမဲ့ မင်းသမီးရဲ့ ခန္ဓာကိုယ်အလှက စွဲမက်လောက်စရာ ရှိနေဆဲပါ။ ကလာရိုက်စ်က GoPro ကင်မရာတစ်လုံးနဲ့ သူတို့စုံတွဲရဲ့ ပျော်စရာအချိန်တွေကိုလည်း အမှတ်တရ ဓာတ်ပုံတွေရိုက်ခဲ့ပါသေးတယ်။
Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ