International Sports: ဝေးလ်အသင်းနှင့် ရင်ဆိုင်မည့် ဘယ်လ်ဂျီတွင် ခံစစ်အားနည်းနေ

, updated

အဓိကကျတဲ့ နောက်ခံလူ ဗာတွန်ဂန်က ဒဏ်ရာကြောင့် ၆ ပတ် နားရပါမယ်။

play

 

ယနေ့ည ဝေးလ်အသင်းနဲ့ ယူရိုကွာတားဖိုင်နယ် ကစားယှဉ်ပြိုင်ကစားမယ့် ဘယ်လ်ဂျီယံအသင်းက နောက်တန်းခံစစ် ဒဏ်ရာပြဿနာ ရင်ဆိုင်နေရပါတယ်။ အသင်းနောက်တန်းမှာ အဓိကကျတဲ့ နောက်ခံလူ ဗာတွန်ဂန်က ဒဏ်ရာကြောင့် ၆ ပတ် နားရတော့မှာဖြစ်ပါတယ်။ ဘယ်လ်ဂျီယံအသင်း ဗိုလ်လုပွဲတက်တော့မယ်ဆိုရင်တောင် ဗာတွန်ဂန် ကစားနိုင်တော့မှာ မဟုတ်ပါဘူး။

play

 

ဒဏ်ရာရနေတဲ့ ဗာတွန်ဂန်အပြင် ဗာမေလန်ကလည်း ပွဲပယ်ခံထားရကြောင်း သိရပါတယ်။ ဒါကြောင့် ဒီကစားသမားနှစ်ဦးနေရာကို အဲဗာတန်တိုက်စစ်မှူး လူကာကူရဲ့ညီ ဂျော်ဒန်လူကာကူနဲ့ ဂျေဆင်ဒီနေယာတို့ အစားထိုး ပွဲထွက်လာဖွယ် ရှိနေပါတယ်။ ဒါဟာ အကျပ်အတည်းတစ်ခုဆိုပေမယ့် ဆိုးရွားတဲ့ အခြေအနေတစ်ခုအဖြစ် မညွှန်းဆိုချင်ဘူးလို့ ဘယ်လ်ဂျီယံ အသင်းနည်းပြ မာ့ခ်ဝီးလ်မော့က ပြောပါတယ်။

play

 

" ဒီအခြေအနေကြီးကို အဖြစ်ဆိုးကြီးလို့တော့ ကျွန်တော်မပြောချင်ပါဘူး။ ဘဝမှာ ဒီထက်ဆိုးတဲ့ အရာတွေ ကြုံတွေ့ရတတ်တာပဲမဟုတ်လား။ ဒါပေမယ့် သူ(ဗာတွန်ဂန်)ဟာ ကျွန်တော်တို့အတွက် အရမ်းကို အရေးကြီးတဲ့ ကစားသမားတစ်ယောက်ပါ" လို့ ဝီးလ်မော့က ပြောပါတယ်။  ဗာတွန်ဂန်ဟာ ယူရိုပြိုင်ပွဲကို အဆုံးသတ်လွဲချော်ရုံသာမက  စပါးအသင်းနဲ့ ရာသီအစ ပွဲစဉ်တွေကိုလည်း လွဲချော်ဖွယ်ရှိနေပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ