International Sports: အဝတ်လဲခန်းထဲမှာ အကနဲ့ အောင်ပွဲခံတဲ့ ဝေးလ်ကစားသမား

ဝေးလ်အသင်းက ဆီမီးဖိုင်နယ်မှာ ပေါ်တူဂီအသင်းနဲ့ ရင်ဆိုင်ရတော့မှာပါ။

play

 

ဘယ်လ်ဂျီယံအသင်းကို အနိုင်ယူပြီးဆီမီးဖိုင်နယ် တက်ရောက်ခဲ့ပြီးနောက် ဝေးလ်အသင်းကစားသမား ဂျိုးလက်ဒလေက အသင်းအဝတ်လဲခန်း အတွင်းမှာ ထူးထူးဆန်းဆန်း ကကွက်နဲ့ အသင်းဖော်တွေဖျော်ဖြေခဲ့ပါတယ်။ အဲဒီအကဟာ ဂျိုးရဲ့ကိုယ်ပိုင်ဟန်ကကွက်လည်း ဖြစ်ပါတယ်။

play

 

ဂျိုးလက်ဒလေက အသင်းဖော်တွေကိုသာ ဒီကကွက်နဲ့ ဖျော်ဖြေခဲ့တာမဟုတ်ပါဘူး။ ပြိုင်ဘက် ဘယ်လ်ဂျီယံကို အနိုင်ရပြီးနောက် ကွင်းထဲမှာလည်း ပရိသတ်တွေကို ဒီကကွက်နဲ့ အောင်ပွဲခံဖျော်ဖြေခဲ့ပါသေးတယ်။ ဟာဇက်တို့ ဦးဆောင်လာတဲ့ ဘယ်လ်ဂျီယံကို ဂါရက်ဘေးလ်နဲ့ ဝီလီယံတို့ ဦးဆောင်လာတဲ့ ဝေးလ်အသင်းက ၃-၁ ဂိုးနဲ့ အနိုင်ယူလိုက်တာဖြစ်ပါတယ်။

ဝီလီယံ၊ ရော့ဘ်ဆင်ကနူး၊ ဆမ်ဗောက်တို့ရဲ့ ဂိုးတွေနဲ့ ဝေးလ်အသင်းက အနိုင်ရခဲ့တာပါ။ ဝေးလ်ကွင်းလယ်ကစားသမား ဂျိုးလက်ဒလေရဲ့ ရယ်စရာ ကကွက်ကြောင့် အဝတ်လဲခန်းအတွင်း အသင်းဖော်တွေအားလုံး ပွဲကျသွားခဲ့ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ