International Sports: ဝေးလ်အသင်း ဗိုလ်လုပွဲ တက်မည်ဟု ဖာဂူဆန် ခန့်မှန်း

ပုံပြင်တစ်ပုဒ်လိုဖြစ်နေတဲ့ ဝေးလ်ရဲ့အောင်မြင်မှု ခရီးစဉ်က မပြီးဆုံးသေးဘူးလို့ ဖာဂူဆန်က ခန့်မှန်းထားပါတယ်။

play

 

ဆီမီးဖိုင်နယ်အဆင့်ကို အံ့အားသင့်ဖွယ် ရောက်ာလာတဲ့ ဝေးလ်အသင်းရဲ့ ခရီးဟာ မပြီးဆုံးသေးဘဲ ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်လိမ့်မယ်လို့ ဖာဂူဆန်က သုံးသပ်လိုက်ပါတယ်။ ဝေးလ်အသင်းက ဆီမီးဖိုင်နယ်မှာ အနိုင်ရခဲ့မယ်ဆိုရင် ပထမဆုံးနိုင်ငံတကာ ဗိုလ်လုပွဲကို တက်လှမ်းခွင့် သွားမှာဖြစ်ပါတယ်။

play

 

အုပ်စုတွင်းပွဲစဉ်မှာ အင်္ဂလန်အသင်းကိုရှုံးခဲ့ပေမဲ့ ဆလိုဗက်ကီးယားနဲ့ ရုရှားတို့ကို အနိုင်ယူခဲ့ပြီးနောက် ဝေးလ်အသင်းက ၁၆ သင်းရှုံးထွက်အဆင့်ကို တက်လှမ်းလာခဲ့တာပါ။ ဝေးလ်အသင်းရဲ့ အောင်မြင်မှုဟာ ယူရိုချန်ပီယံရှစ်ကို ပိုပြီးဆွဲဆောင်မှု ရှိစေခဲ့သလို သူတို့ရဲ့ အဖြစ်အပျက်ကလည်း အံ့သြဆန်းကျယ်မှုတွေ ရှိနေတယ်လို့ ဖာဂူဆန်က ဘီဘီစီကို ပြောခဲ့တာပါ။

play

 

" ဒါဟာ ပုံပြင်တစ်ပုဒ်လိုပါပဲ။ ဒီပုံပြင်က မပြီးဆုံးသေးပါဘူး။ ဒီနှစ်ယူရိုပြိုင်ပွဲကို ဝေးလ်အသင်းက ဆန်းကျယ်အောင် လုပ်ပေးခဲ့တာပါ။ ဘယ်လ်ဂျီယံနဲ့ ပွဲမကန်ခင်တုန်းကလည်း ဝေးလ်အသင်းအနိုင်ရနိုင်တယ်လို့ ကျွန်တော်ခံစားမိခဲ့တယ်" လို့ ဖာဂူဆန်က ပြောပါတယ်။ ဘောလုံးကစားပုံကို ကြည့်ခြင်းအားဖြင့် လက်ရှိဝေးလ်အသင်း ကစားသမားတွေမှာ ယုံကြည်ချက်အပြည့်ရှိတာကို မြင်တွေ့ရတယ်လို့ ဖာဂူဆန်က သုံးသပ်ခဲ့ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ