International Sports: လက်ရွေးစင်ဘဝက မက်ဆီ အနားမယူဖို့ တောင်းဆိုလိုက်တဲ့ တက်တူးမော်ဒယ်

, updated

သူမရဲ့ ခန္ဓာကိုယ် အောက်ပိုင်းမှာ တက်တူးထိုးထားတဲ့ပုံစံ ဖန်တီးပြီး မက်ဆီကို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

play

 

အာဂျင်တီးနားလက်ရွေးစင် ဘောလုံးသမားဘဝကနေ အနားမယူဖို့ မက်ဆီကို တောင်းဆိုတဲ့အနေနဲ့ အာဂျင်တီးနား မော်ဒယ်တစ်ဦးကလည်း ခန္ဓာကိုယ်ပေါ်မှာ တက်တူးထိုးထားသယောင် ဖန်တီးပြီး အဝတ်မပါတဲ့ ဓာတ်ပုံနဲ့ လူမှုကွန်ရက်ပေါ်တင်ကာ တောင်းဆိုလိုက်ပါတယ်။

play

 

လက်ရွေးစင်အဖြစ် ဆက်မကစားတော့ဘူးလို့ မက်ဆီက ပြောခဲ့ပြီးတဲ့နောက်ပိုင်းမှာ မက်ဆီရဲ့ ပရိသတ်အချို့က #Don't Go Messi ဆိုတဲ့ စာသားတွေကို လူမှုကွန်ရက်ပေါ်တင်ပြီး တိုက်တွန်းနေကြတာဖြစ်ပါတယ်။ အခု အာဂျင်တီးနား မော်ဒယ် တီနယ်လီက #NoTeVayasLio ဆိုတဲ့ စာသားကို သူမရဲ့ ခန္ဓာကိုယ် အောက်ပိုင်းမှာ တက်တူးအဖြစ် ရေးထိုးခဲ့တာဖြစ်ပါတယ်။

play

 

မသွားပါနဲ့ဦး မက်ဆီလို့ အဓိပ္ပာယ်ရတဲ့ ဒီစာတန်းကို မော်ဒယ် တီနယ်လီက အဝတ်အစား မပါတဲ့ ပုံနဲ့ လူမှုကွန်ရက်မှာ တင်ခဲ့တာဖြစ်ပါတယ်။

play

 

ဒါပေမဲ့လည်း အဆိုပါမော်ဒယ် ထိုးခဲ့တဲ့ စာတန်းက တကယ့်တက်တူးအစစ်မဟုတ်ဘဲ ဖိုတိုရှော့သာ ဖြစ်နေပြန်ပါတယ်။ မက်ဆီ့ကို အနားမယူဖို့ တောင်းဆိုမှုတွေက တစ်ခုသာဖြစ်လို့ လူမှုကွန်ရက်ပေါ်မှာတော့ သူမရဲ့လုပ်ရပ်ကို အပြစ်မပြောကြပါဘူး။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ