International Sports: ဂျာမနီကို ဂရိဇ်မန်း ဒုက္ခပေးနိုင်ဟု ဂျာမနီကစားသမားဟောင်းများ သုံးသပ်

ဂရိဇ်မန်းက လက်ရှိ ယူရို ၂၀၁၆ မှာ ဂိုးအများဆုံး သွင်းထားတဲ့ ကစားသမားဖြစ်ပါတယ်။

play

 

လက်ရှိကမ္ဘာ့အကောင်းဆုံးအသင်းအဖြစ် သတ်မှတ်ခံထားရတဲ့ ဂျာမနီအသင်းကို အန္တရာယ်အပေးနိုင်ဆုံး ပြင်သစ်ကစားသမားက ဂရိဇ်မန်းဖြစ်တယ်လို့ ဂျာမနီ လက်ရွေးစင်ဟောင်း လိုသာမက်သပ်စ်နဲ့ ဖိလစ်လမ်းက ပြောကြားလိုက်ပါတယ်။

မက်သပ်စ်က ဂျာမနီနဲ့အတူ ခြေစွမ်းပြအောင်မြင်မခဲ့ဖူးတဲ့ တိုက်စစ်မှူးဖြစ်ပြီး ဖိလစ်လမ်းကလည်း အသင်းခေါင်းဆောင်အဖြစ်နဲ့ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ခဲ့ဖူးပါတယ်။ ဂျာမနီအသင်းကို မထင်မှတ်ထားတဲ့ ရလဒ်ထွက်လာအောင် လုပ်နိုင်တဲ့သူက ပြင်သစ်အသင်း ကွင်းလယ်တိုက်စစ်ကစားသမား ဂရိဇ်မန်းဖြစ်တယ်လို့ အဆိုပါလက်ရွေးစင်ဟောင်း နှစ်ဦးက သုံးသပ်ထားတာ ဖြစ်ပါတယ်။ ဂရိဇ်မန်းကလက်ရှိ ယူရို ၂၀၁၆ ပြိုင်ပွဲမှာ လေးဂိုးသွင်းထားသူဖြစ်ပြီး ဂိုးအများဆုံး သွင်းထားသူလည်း ဖြစ်နေပါတယ်။

play

 

" ဒီနေ့ဘောလုံးလောကမှာတော့ ဂရိဇ်မန်းက စောင့်ကြည့်နေရမယ့် ကစားသမားပါ။ ဥရောပလက်ရှိအကောင်းဆုံး တိုက်စစ်ကစားသမားတွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။ အသလက်တီကိုနဲ့အတူ သူဂိုးသွင်းခွင့်တွေ ရနေတာပဲလေ"  လို့ ဖိလစ်လမ်းက ပြောပါတယ်။

play

 

" သူ့ရဲ့တိုးတက်လာမှုက ရပ်တန့်မသွားပါဘူး။ လက်ရှိမှာတော့ သူက အန္တရာယ်အပေးနိုင်ဆုံး ကစားသမားပါပဲ" လို့လည်း ဂျာမနီတိုက်စစ်မှူးဟောင်း မက်သက်စ်က ပြောပါတယ်။

Source : ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ