International Sports: ရုရှားရေကူးမယ် ဆီမိုနိုဗာ ရေကူးအားကစားမှ လေးနှစ်ကြာ ပိတ်ပင်ခံရ

ဆီမိုနိုဗာက ပြစ်ဒဏ်ကို အယူခံဝင်သွားမယ်လို့ ပြောပါတယ်။

play


ရုရှားရေကူးမယ် ဗစ်တလီနာ ဆီမိုနိုဗာကို တားမြစ်ဆေးသုံးကြောင့် စစ်ဆေးတွေ့ရှိမှုကြောင့် ရေကူးအားကစားမှ လေးနှစ်ကြာ ပိတ်ပင်တဲ့ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း အပြည်ပြည်ဆိုင်ရာ ရေကူးအဖွဲ့ချုပ် (International Swimming Federation - FINA) က ထုတ်ပြန်ကြေညာပါတယ်။

play


၂၀၁၅ ခုနှစ် ဇွန်လ ၂၉ ရက်က ဂရိနိုင်ငံ နာအိုဆာလေ့ကျင့်ရေးစခန်းမှာ ရယူခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် ရုရှားရေကူးမယ်ရဲ့ သွေးနမူနာကို စစ်ဆေးမှုအရ အားကစားသမားများအတွက် တားမြစ်ထားတဲ့ တက်စတိုစတီရုန်း (testosterone) တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

play


ရုရှားရေကူးမယ် ဆီမိုနိုဗာကို ၂၀၁၉ ခုနှစ် ဇွန်လ ၂၈ ရက်အထိ ရေကူးအားကစားပြိုင်ပွဲများမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်တားမြစ်လိုက်ကြောင်း FINA ဝက်ဘ်ဆိုက်မှာ ကြေညာထားပါတယ်။ ဆီမိုနိုဗာမှာ ယခုနှစ် ရီယိုအိုလံပစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခံရခြင်း မရှိခဲ့ကြောင်း သိရပါတယ်။ ဆီမိုနိုဗာက ယခုချမှတ်ခံရတဲ့ ပြစ်ဒဏ်ကို အယူခံဝင်သွားမယ်လို့ ပြောပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ