play

 

ယူရို ၂၀၁၆ မှာ ပေါ်တူဂီအသင်း ချန်ပီယံဖြစ်ခဲ့ပြီးတဲ့နောက် ပြိုင်ပွဲတစ်လျှောက် ခြေစွမ်းပြခဲ့တဲ့ အကောင်းဆုံး ကစားသမား ၁၁ ယောက်စာရင်းကို ယူအီးအက်ဖ်အေက ရွေးချယ်လိုက်ပါတယ်။ ပေါ်တူဂီအတွက် သူရဲကောင်းသူဖွယ် ဖြစ်ခဲ့တဲ့ ရော်နယ်ဒိုနဲ့ ပြင်သစ်ကို ဗိုလ်လုပွဲရောက်စေခဲ့သူ ဂရိဇ်မန်းတို့ အကောင်းဆုံး ၁၁ ဦးစာရင်းမှာ ပါခဲ့ပေမယ့် ဝေးလ်အသင်းရဲ့ ဂါရက်ဘေးလ်ကတော့ မပါဝင်ခဲ့ပါဘူး။

play

 

ဂါရက်ဘေးလ်က အသင်းအတွက် သုံးဂိုးသွင်းပေးခဲ့ပေမယ့် အကောင်းဆုံး ကစားသမားစာရင်းမှာ မပါခဲ့တဲ့အချိန်မှာ အခြားဝေးလ်အသင်း ကစားသမားတွေဖြစ်တဲ့ ရမ်ဆေးနဲ့ ဂျိုးအန်လယ်တို့ကတော့ အခု All Star အသင်းမှာ ပါဝင်ခဲ့ပါတယ်။

play

အကောင်းဆုံး ၁၁ ဦးစာရင်းမှာ ရော်နယ်ဒိုအပါအဝင် ပေါ်တူဂီ ကစားသမား လေးဦးအထိပါဝင်ခဲ့ပြီး ဂျာမနီကစားသမား သုံးဦး ပါဝင်ခဲ့ပါတယ်။

play

 

အိမ်ရှင်ပြင်သစ်အသင်းက ဂရိဇ်မန်းအပြင် နောက်ထပ် ပေယက်တစ်ဦးသာ ပါဝင်ခဲ့ပါတယ်။ မန်ယူနည်းပြဟောင်း ဖာဂူဆန်နဲ့ ဒေးဗစ်မိုယက်စ်တို့ အပါအဝင် အခြားသော နည်းစနစ်ကျွမ်းကျင်သူ တွေရဲ့ ဆုံးဖြတ်ချက်နဲ့ အကောင်းဆုံး ကစားသမား ၁၁ ဦးစာရင်းကို ရွေးချယ်ခဲ့တာပါ။

play

 

ယူရို ၂၀၁၆ All Star အသင်း

ဂိုး - ပက်ထရီစီယို (ပေါ်တူဂီ)

နောက်တန်း - ကင်မစ်ရှ်၊ ဘိုတန်း (ဂျာမနီ)၊ ပေပေ၊ ဂွါရီယို(ပေါ်တူဂီ)

အလယ်တန်း - ခရူးစ် (ဂျာမနီ)၊ ဂရိဇ်မန်း (ပြင်သစ်)၊ဝေးလ်၊ ရမ်ဆေး(ဝေးလ်)၊

ရှေ့တန်း - ပေယက် (ပြင်သစ်)၊ ရော်နယ်ဒို (ပေါ်တူဂီ)

Source : UEFA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video