play

 

အာဆင်နယ်အသင်း ခေါ်ယူဖို့ ကြိုးစားခဲ့တဲ့ လာဇီယိုအသင်းတိုက်စစ်မှူး ဟီဂူအင်ကို စီရီးအေထိပ်သီးကလပ် ဂျူဗင်တပ်က ခေါ်ယူဖို့ နီးစပ်နေပြီး အီတလီ မီဒီယာအချို့ကတော့ သဘောတူညီမှု ရရှိသွားပြီဖြစ်ကြောင်း ဖော်ပြကြပါတယ်။

တိုက်စစ်မှူး ဟီဂူအင်ကို လေးနှစ်စာချုပ်နဲ့ ခေါ်ယူဖို့ ဂျူဗင်တပ်အသင်းက သဘောတူညီမှု ရသွားတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အသင်းတွေဘက်က အတည်ပြုချက် ရခဲ့မယ်ဆိုရင် ဟီဂူအင်က ဂျူဗင်တပ်အသင်းမှာ ၂၀၂၀ အထိ ရှိနေတော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသမှာ နာပိုလီအသင်းအတွက်က ၃၆ ဂိုးသွင်းခဲ့တဲ့ ဟီဂူအင်ကို တရုတ်စူပါလိဂ်ကလပ် ဟီဘိုင်က ခေါ်ယူဖို့ ကြိုးစားခဲ့သေးပေမယ့် မအောင်မြင်ခဲ့ပါဘူး။

play

 

ဟီဂူအင်ကို ခေါ်ယူဖို့ ဂျူဗင်တပ်သဘောတူညီမှု ရသွားပြီဖြစ်လို့ ဂျူဗင်တပ်အသင်းဟာ ပေါ့ဂ်ဘာကို မန်ယူအသင်းထံ တကယ်ပဲ ရောင်းချတော့မှာလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်လာခဲ့ပါတယ်။ ဂျူဗင်တပ်နဲ့ ဟီဂူအင်အပြောင်းအရွှေ့ကို နှစ်ဖက်အသင်းအကြား အပြီးသတ်ဖို့ ဆက်လက်ညှိနှိုင်းနေဆဲပါ။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video