International Sports: ဘိုင်ယန်မြူးနစ် ကစားသမား ဂေါ့ဇီ ဒေါ့မွန်ကို ပြန်လည်ပြောင်းရွှေ့

ဒေါ့မွန်ပရိသတ်တွေရဲ့ အားပေးမှုကို ပြန်ရဖို့ ဂေါ့ဇီပြန်ကြိုးစားရမယ်လို့ မီဒီယာတွေက သုံးသပ်ထားကြပါတယ်။

play

 

ဘိုင်ယန်မြူးနစ်အသင်း ကစားသမား ဂေါ့ဇီကို အရင်အသင်းဟောင်းဖြစ်တဲ့ ဒေါ့မွန်အသင်းက ပြန်လည်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ ဂေါ့ဇီကို ခေါ်ယူဖို့ နှစ်ဖက်အသင်းအကြား ဆွေးနွေးခဲ့ပြီးနောက် ပြောင်းရွှေ့ကြေး ပေါင် ၂၂ သန်းခန့်နဲ့ ဒေါ့မွန်အသင်းက ပြန်လည်ခေါ်ယူလိုက်တာပါ။

play

 

ဘိုင်ယန်မြူးနစ်အသင်းမှာ သုံးနှစ်တာ ဖြတ်သန်းခဲ့ပြီးနောက် ပုံမှန်ကစားခွင့်ရဖို့ ရုန်းကန်ခဲ့ရတဲ့ ဂေါ့ဇီဟာ အသင်းဟောင်း ဒေါ့မွန်ထံကို လေးနှစ်စာချုပ်နဲ့ ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။ ၂၀၁၄ ကမ္ဘာ့ဖလား ဗိုလ်လုပွဲတုန်းက ဂျာမနီအတွက် အနိုင်ဂိုး သွင်းနိုင်ခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်မှာတော့ နေရာရဖို့ မနှစ်က ဘောလုံးရာသီမှာလည်း ရုန်းကန်ခဲ့ရပြန်ပါတယ်။

play

 

" ပရိသတ်အချို့ကတော့ ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်တွေအတွက် နားမလည်နိုင် ဖြစ်ချင်ဖြစ်နေကြမှာပါ။ လွန်ခဲ့တဲ့ သုံးနှစ်တုန်းက ကျွန်တော့်ရဲ့ ငယ်ဘဝ ကလပ် ဒေါ့မွန်ကထွက်ခွာဖိုပ ဆုံးဖြတ်ချက်ကို ကျွန်တော်ခက်ခက်ခဲခဲ ချခဲ့ရတာပါ။ အခု ကျွန်တော့်ရည် ရည်မှန်းချက်က အကောင်းဆုံး ကစားပုံကို ဒေါ့မွန်အသင်းမှာ ပြန်လည်ရှာဖွေဖို့ပါ" ဆိုပြီး ဂေါ့ဇီက ဖေ့စ်ဘွတ်ကတဆင့် ကြေငြာထားပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ