International Sports: တရုတ်တွင် ရေကြီးသဖြင့် မန်ချက်စတာဒါဘီ ပွဲပျက်ဖွယ်ရှိ

မန်ယူနဲ့ မန်စီးတီးက အင်တာနေရှင်နယ်ချန်ပီယံများဖလားပြိုင်ပွဲမှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။

play

 

တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ကစားမယ့် မန်ယူအသင်းနဲ့ မန်စီးတီးရဲ့ အင်တာနေရှင်နယ်ချန်ပီယံများ ဖလားပြိုင်ပွဲကို ရာသီဥတုအခြေအနေကြောင့် ပွဲဖျက်သိမ်းဖွယ် ရှိနေတယ်လို့ သိရပါတယ်။ ဒီပွဲမတိုင်ခင်မှာ မန်ယူအသင်းက ဂျာမန်ကလပ် ဒေါ့မွန်နဲ့ ဇူလိုင် ၂၂ ရက်နေ့မှာ ပထမဆုံးအဖွင့်ပွဲစဉ်ကို ရှန်ဟိုင်းမြို့မှာ ကစားမှာ ဖြစ်ပါတယ်။

 

ဒါပေမယ့် တရုတ်နိုင်ငံရဲ့ မြို့တော် ပေကျင်းမှာ ရာသီဥတုဆိုးရွားပြီး မိုးသည်းထန်တာကြောင့် ရေနစ်မြုပ်မှုတွေ ဖြစ်ပေါ်လျှက်ရှိပါတယ်။ ရက်ပိုင်းအတွင်း ပေကျင်းမြို့မှာ မိုးဆက်လက်ရွာသွန်းနေဦးမှာဖြစ်တယ်လို့ မိုးလေဝသခန့်မှန်းချက်တွေလည်း ရှိထားတာကြောင့် လာမယ့် တနင်္လာနေ့ မန်ချက်စတာ ဒါဘီပွဲစဉ်ဟာ မရေမရာဖြစ်နေပါတယ်။ အခု ကစားမယ့် မန်ချက်စတာ ဒါဘီပွဲစဉ်ဟာ အင်္ဂလန်ပြင်ပမှာ ပထမဆုံး အကြိမ် ကစားမယ့် ပွဲလည်း ဖြစ်ပါတယ်။

play

 

ပွဲကစာမယ့် ပေကျင်းအိုလံပစ်ကွင်းမှာ ဘောလုံးပွဲ မလုပ်နိုင်လောက်အောင် ရေနစ်မြုပ်မယ်ဆိုရင် ပရိသတ် ကိုးသောင်းကျော်အတွက် အခြားနေရာကို ရွှေ့ပြောင်းဖို့ကလည်း အခက်အခဲ ရှိနေပါတယ်။ " တကယ့်ကို စိုးရိမ်စရာပါ။ ဒါပေမယ့် တာဝန်ရှိသူတွေအားလုံး ပြိုင်ပွဲ ဖြစ်မြောက်ဖို့အတွက် အစွမ်းကုန်  ကြိုးစားနေပါတယ်" လို့ ပြိုင်ပွဲကျင်းပရေး ကော်မတီက ရှောင်ဇန်ဘင်းက ပြောပါတယ်။

Source : The Guardian

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ