International Sports: ပေကျင်းမှာ မိုးကြီးသဖြင့် ယနေ့ ကစားမည့် မန်ချက်စတာဒါဘီ ပွဲပျက်

, updated

မိုးသည်းထန်လွန်းလို့ ပေကျင်းက ဘောလုံးကွင်းဟာ ကစားနိုင်တဲ့ အခြေအနေမရှိပါဘူး။

play

 

တရုတ်နိုင်ငံ ပေကျင်းမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေနစ်မြုပ်နေတာကြောင့် ငှက်သိုက်အားကစားကွင်းမှာ ကစားမယ့် မန်ယူနဲ့ မန်စီးတီးအသင်းတို့ရဲ့ မန်ချက်စတာ ဒါဘီကို ဖျက်သိမ်းလိုက်ကြောင်း သိရပါတယ်။

play

 

မန်ချက်စတာ ဒါဘီပွဲ ကစားရမယ့် ဘောလုံးကွင်း မျက်နှာပြင်ဟာ ဆိုးရွားနေတယ်လို့လည်း မနေ့က သတင်းစာရှင်းလင်းပွဲမှာ မော်ရင်ဟိုက ပြောထားပါသေးတယ်။ တင်္နလာနေ့ ညနေမှာ ကစားမယ့် ဒီပွဲစဉ်မတိုင်ခင် တစ်ညလုံး မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ပွဲကစားမယ့် နေ့မှာလည်း မိုးအဆက်မပြတ် ရွာသွန်းဦးမယ်လို့ ခန့်မှန်းချက်တွေ ထုတ်ပြန်ထားပြီးသား ဖြစ်ပါတယ်။

play

 

ပုံမှန် အစီအစဉ်အရ မန်ယူအသင်းက ဒီနေ့ မန်ချက်စတာ ဒါဘီပွဲ ကစားပြီးရင် မန်ချက်စတာကို ပြန်မှာဖြစ်ပြီး မန်စီးတီးအသင်းကတော့ ဒေါ့မွန်နဲ့ ပွဲ ကစားဖို့ တရုတ်မှာ ဆက်နေခဲ့ရဦးမှာ ဖြစ်ပါတယ်။ အင်တာနေရှင်နယ်ချန်ပီယံများ ဖလားပြိုင်ပွဲမှာ မန်ချက်စတာနှစ်သင်းရဲ့ နည်းပြတွေ အဖြစ် ပထမဆုံအကြိမ် တွေ့ဆုံကြတဲ့ ဂွါဒီယိုလာနဲ့ မော်ရင်ဟိုတို့ ပွဲစဉ်ဟာ ပျက်သွားခဲ့ရတာဖြစ်ပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ