International Sports: ရာသီသစ်ကို ဆံပင်ပုံစံအသစ်နဲ့ ကြိုဆိုမယ့် မက်ဆီ

, updated

်အားလပ်ရက်ပြီးဆုံးပြီးနောက် မက်ဆီက ဘာစီလိုနာအသင်းနဲ့ ပြန်လည်ပူးပေါင်းနေပြီ ဖြစ်ပါတယ်။

play

 

နွေရာသီ အားလပ်ရက်ပြီးဆုံးလို့ ရာသီသစ်အတွက် ပြင်ဆင်နေပြီဖြစ်တဲ့ ဘာစီလိုနာကစားသမား မက်ဆီက ဆံပင်ပုံစံကို အပြောင်းအလဲကြီး ပြောင်းလဲလိုက်ပါတယ်။

play

 

အာဂျင်တီးနား အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ မက်ဆီက ခပ်တိုတိုညှပ်ထားတဲ့ ဆံပင်ကို ငွေရောင်ဆိုးထားတဲ့ ပုံစံနဲ့ ရာသီသစ်ကို ရင်ဆိုင်မှာ ဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းနဲ့အတူ ကိုပါအမေရိကဖလား ဗိုလ်လုပွဲမှာ စိတ်ပျက်စရာ ရလဒ်ကြုံခဲ့ရတဲ့အပြင် ပင်နယ်တီလည်းလွဲခဲ့တာကြောင့် မက်ဆီဟာ လူမြင်ကွင်းမထွက်ပဲ အားလပ်ရက်မှာ အတန်ကြာ မိသားစုနဲ့ အချိန်ဖြုန်းလိုက်ပါတယ်။

play
play

 

အခုတော့ အားလပ်ရက်ကနေပြန်လာတဲ့ မက်ဆီက ဘာစီလိုနာအသင်းနဲ့ ပူးပေါင်းနေပြီလို့ သိရပါတယ်။ မက်ဆီလိုပဲ ရာသီသစ်ကို ငွေရောင်ဆံပင်နဲ့ ကြိုမယ့်သူတွေက မန်စီးတီးက နာဆရီ၊ အာဆင်နယ်က ရမ်ဆေး၊ မန်ယူအသင်းက ဖီးလ်ဂျုံးစ်တို့ ဖြစ်ပါတယ်။

Source : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ