International Sports: ဘာစီလိုနာနှင့် ရီးရဲလ်မက်ဒရစ်မှ ကစားသမား လေးဦးနှင့် တွဲခုတ်ခဲ့သည့် မော်ဒယ်

ဘောလုံးသမား လေးဦးထဲမှာ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ဘန်ဇီမား ပါဝင်ခဲ့ပါတယ်။

play

 

ရုပ်သံသရုပ်ဆောင်တစ်ဦးလည်းဖြစ်တဲ့ အာဂျင်တီးနားမော်ဒယ် ဆာမီယာဆလွန်းဆိုသူ အမျိုးသမီးက သူဟာ နာမည်ကျော်ဘောလုံးသမား လေးဦးနဲ့ ဇာတ်လမ်းဖြစ်ခဲ့ဖူးတယ်လို့ ဖွင့်ဟဝန်ခံလိုက်ပါတယ်။ အဲဒီဘောလုံးသမား လေးဦးလုံးဟာ စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတို့ကဖြစ်တယ်လို့ ဆိုပါတယ်။

play

 

ဘောလုံးသမား လေးဦးလုံးရဲ့အမည်တွေကို ထုတ်ပြောခြင်းမရှိပေမယ့် အဲဒီထဲက နှစ်ဦးကတော့ ရီးရဲလ်မက်ဒရစ် ကစားသမား ဘန်ဇီမားနဲ့ ဘာစီလိုနာ ကစားသမားဟောင်း မာ့ခ်ဘာထရာတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

play

play

 

" ကျွန်မမှာ ဘောလုံးသမားလေးဦးနဲ့ ကိုယ်ပိုင်ဇာတ်လမ်းတွေ ရှိခဲ့ဖူးပါတယ်။ နှစ်ယောက် ဘာစီလိုနာက ဖြစ်ပြီးနောက်ထပ် နှစ်ယောက်က ရီးရဲလ်မက်ဒရစ် ကစားသမားတွေပါ" လို့ ဆာမီယာက စပိန်မဂ္ဂဇင်း Premera Linea  ကို ပြောခဲ့တာပါ။

play

 

ဘောလုံးသမား လေးဦးလုံးဟာ ငယ်ရွယ်တက်ကြွပြီး ငွေကြေးချမ်းသာသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ သူမဟာ စပိန် ရုပ်သံရဲ့ အချစ်ရေးဦးစားပေး ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ထားသူလည်း ဖြစ်ပါတယ်။

play

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ