play

 

ကာလကြာရှည် လက်တွဲလာတဲ့ ချစ်သူကို လက်ထပ်ခွင့်တောင်းဖို့အတွက် ရီးရဲလ်မက်ဒရစ်အသင်း ကစားသမား ဂါရက်ဘေးလ်က စပိန်နိုင်ငံက ကျွန်းတစ်ကျွန်းလုံးကို အပြတ်ငှားရမ်းခဲ့ကြောင်း သိရပါတယ်။

play

 

အသက် ၂၇ နှစ်ပြည့်မွေးနေ့ကိုပါ တစ်ပေါင်းတည်းကျင်းပခဲ့တဲ့ ဂါရက်ဘေးလ်နဲ့ သူ့ရဲ့ချစ်သူ အမ်မာရွိုင်းဂျိုးနက်စ်ကို စပိန်နိုင်ငံအတွင်းက တာဂိုမာဂိုအပန်းဖြေကျွန်းမှာ လက်ထပ်ခွင့် တောင်းခဲ့တာဖြစ်ပါတယ်။ အပန်းဖြေကျွန်းတစ်ကျွန်းလုံးကို ငှားရမ်းဖို့အတွက် ဂါရက်ဘေးလ်ဟာ ပေါင် သုံးသိန်းရှစ်သောင်း ကုန်ကျခဲ့တယ်လို့ သိရပါတယ်။ သူ့ရဲ့ချစ်သူအမ်မာကလည်း မဆိုင်းမတွပဲ လက်ထပ်ခွင့်ခွင့်တောင်းတာကို လက်ခံခဲ့ပါတယ်။

play

 

အစ်ဘီဇာကမ်းရိုးတန်း တစ်လျှောက်မှာရှိတဲ့ အဆိုပါကျွန်းဟာ တစ်ကီလိုမီတာထပ် လျော့နည်းတဲ့ အကျယ်အဝန်းသာ ရှိပြီး မီလျံနာတွေသာ ငှားရမ်းခ တတ်နိုင်တဲ့ နေရာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ဂါရက်ဘေးလ် နာမည်ကျော် ဘောလုံးသမား မဖြစ်ခင် ဝေးလ်နိုင်ငံ၊ ကာဒစ်ဖ်ကျောင်းမှာ စတင်တွေ့ရှိခဲ့ကြတာပါ။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video