International Sports: ဂျူဗင်တပ်တွင် ဆက်နေမည်ဟု ပြောကြားလိုက်သည့် ပေါ့ဂ်ဘာ

ပေါ့ဂ်ဘာပြောလိုက်တဲ့ စကားကြောင့် အပြောင်းအရွှေ့ဟာ ပျက်ပြယ်ခဲ့ပြီဆိုတဲ့ သတင်းတွေ ထွက်လာပြန်ပါတယ်။

play

 

မန်ယူအသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုတွေ ရထားပြီးပြီလို့ဆိုတဲ့ ပြင်သစ်ကစားသမားပေါ့ဂ်ဘာက ဂျူဗင်တပ်အသင်းမှာ ဆက်နေမှာ ဖြစ်တယ်လို့ ပြောကြားလိုက်ပြန်ပါတယ်။

ပေါ့ဂ်ဘာကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ခေါ်ဖို့ မန်ယူ၊ ဂျူဗင်တပ်နှစ်သင်းသာမက အေးဂျင့်ဖြစ်သူနဲ့ပါ သဘောတူညီမှု ရထားပြီ ဆိုပေမယ့် ပရိသတ်တစ်ဦးရဲ့ မေးမြန်းမှုကိ ပေါ့ဂ်ဘာ ပြန်လည်ဖြေကြားလိုက်တဲ့ ပုံစံကြောင့် ဒီအပြောင်းအရွှေ့ဟာ ပျက်ပြယ်ဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာတွေက ရေးသားဖော်ပြကြပါတယ်။

play

 

နယူးယော့ခ်ကို ရောက်ရှိနေတဲ့ ပေါ့ဂ်ဘာက ဟိုတယ်ထဲက ထွက်လာတဲ့ အချိန်မှာ ပရိသတ်တစ်ဦးရဲ့ ဂျူဗင်တပ်အမှတ်တံဆိပ်ပါ ဘောလုံးကို အမှတ်တရလက်မှတ်ထိုးပေးနေခဲ့တာပါ။ အဆိုပါပရိသတ်က " ခင်ဗျား ဒီနှစ်ဂျူဗင်တပ်မှာ ဆက်နေဦးမှာလား" လို့ မေးမြန်းလိုက်တဲ့ မေးခွန်းအပေါ် ပေါ့ဂ်ဘာက " ဟုတ်တယ် " လို့ ပြန်လည်ဖြေကြားလိုက်တာပါ။

play

 

မကြာသေးခင်ကပဲ ဗြိတိန်မီဒီယာအချို့က ပေါ့ဂ်ဘာရဲ့ အပြောင်းအရွှေ့ကို မန်ယူက ယခုရက်ပိုင်းအတွင်း တရားဝင် ကြေငြာတော့မယ်လို့ ရေးသားဖော်ပြထားကြပါသေးတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ