International Sports: ၂၀၂၀ တိုကျိုအိုလံပစ်မှာ စကိတ်ဘုတ်စီးပြိုင်ပွဲကို ထည့်သွင်းမယ်

အခြားအားကစား လေးမျိုးလည်း ထပ်မံထည့်သွင်းဦးမှာပါ။

play

 

၂၀၂၀ ခုနှစ်မှာ ပြုလုပ်မယ့် တိုကျိုအိုလံပစ်မှာ အားကစား (၅) မျိုးကို ထပ်မံထည့်သွင်းသွားမယ်လို့ နိုင်ငံတကာအိုလံပစ်ကော်မတီ (IOC)က ကြေညာလိုက်ပါတယ်။ အိုလံပစ်ပွဲတော်ကို လက်ခံကျင်းပမယ့် အိမ်ရှင်နိုင်ငံရဲ့ တောင်းဆိုချက်ကို ကော်မတီကလက်ခံလိုက်ပေးလိုက်တာဖြစ်ကြောင်း NHK ဂျပန်သတင်းဌာနက ကြာသပတေးနေ့မှာ ဖော်ပြသွားပါတယ်။

play

 

ထပ်တိုးကစားနည်းတွေကတော့ ဘေ့စ်ဘောနှင့် Softball (ဘေ့စ်ဘောကစားနည်းနှင့်ဆင်ပြီး ပိုကြီးတဲ့ဘောလုံးပျော့နဲ့ကစားနည်း) ၊ ကရာတေး၊ စကိတ်ဘုတ်စီးခြင်း၊ ရေလွှာလျှောစီးခြင်းနဲ့ တောင်တက်အားကစားနည်းတို့ကို ထည့်သွင်းသွားမှာဖြစ်ပါတယ်။ ဘေ့စ်ဘောနှင့် Softball တို့ကို ၂၀၀၈ အိုလံပစ်မှာ စတင်ထည့်သွင်းခဲ့တာဖြစ်ပြီး ကရာတေး၊ စကိတ်ဘုတ်နဲ့ တောင်တက်ခြင်းတို့ကိုတော့ ၂၀၂၀ အိုလံပစ်မှာမှ စတင်ထည့်သွင်းမှာပါ။

Source : Xinhua

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ