International Sports: ဂိုးနဲ့ခြေတစ်လှမ်းအကွာက ဘောလုံးကို ဂိုးဝင်အောင် မသွင်းနိုင်ခဲ့တဲ့ ဘရာဇီးကစားသမား

အဖွင့်ပွဲမှာ ဘရာဇီးအတွက် အကောင်းဆုံး အခွင့်အရေးကို မန်စီးတီးကစားသမားသစ် ဂျီးဆပ်က လွဲချော်ခဲ့တာ ဖြစ်ပါတယ်။

play

 

ရီယို ၂၀၁၆ အိုလံပစ်အမျိုးသားဘောလုံးပွဲစဉ်မှာ ဘရာဇီးအသင်းအတွက် ဦးဆောင်ဂိုးရမယ့် အခွင့်အရေးကို မန်စီးတီးကစားသမားသစ် ဂါဘရီရယ်ဂျီးဆပ်က ရရှိခဲ့ပေမယ့် ဂိုးနဲ့ သုံးပေခန့်အကွာက ဘောလုံးကို ဝင်အောင်မသွင်းနိုင်ခဲ့ပါဘူး။

play

 

တစ်ယောက်လျော့နဲ့ ကစားခဲ့ရတဲ့ တောင်အာဖရိကအသင်းကို အိမ်ရှင်ဘရာဇီးက ဂိုးမရှိသရေသာ ကစားနိုင်ခဲ့လို့ အိမ်ရှင်အသင်းအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။ အသက် ၁၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂါဘရီရယ်ဂျီးဆပ်ကို မန်စီးတီးအသင်း အပြီးသတ်ခေါ်ယူထားတာ ရက်ပိုင်းသာ ရှိသေးပြီး ပြောင်းရွှေ့ကြေး ပေါင် ၂၈ သန်းပေးချေထားရတာ ဖြစ်ပါတယ်။ အိုလံပစ်ရွှေတံဆိပ်ဆု တစ်ကြိမ်မှ မရထားသေးတဲ့ ဘရာဇီးဘောလုံးအသင်းအတွက် ဒီနှစ်အိမ်ရှင်အခွင့်အရေး ရှိနေပေမယ့် အဖွင့်ပွဲ သရေဖြစ်ခဲ့လို့ စိတ်ပျက်စရာ ဖြစ်ခဲ့ရတာပါ။

ဘယ်ခြမ်းက ပေးပို့လိုက်တဲ့ ဘောလုံးကို ညာခြမ်းကပြေးတက်လာတဲ့ ဂျီးဆပ် ဂိုးနဲ့သုံးပေခန့်အကွာက ပိတ်သွင်းခဲ့ပေမယ့် တိုင်ထိပြီး ပြန်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ