International Sports: ရီယိုအိုလံပစ်ရဲ့ အသက်ငယ်ဆုံးပြိုင်ပွဲဝင် ၁၃ နှစ်သမီး နီပေါသူလေး

၇.၈ ရစ်ခ်ျတာစကေးရှိတဲ့ နီပေါငလျင်ကြားမှာ အသက်ရှင်ကျန်ရစ်ခဲ့သူလည်း ဖြစ်ပါတယ်။

play

 

၂၀၁၆ ရီယိုအိုလံပစ်မှာ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ကစားသမား တစ်သောင်းကျော်ထဲက အသက်အငယ်ဆုံး ပြိုင်ပွဲဝင်ကတော့ နီပေါသူ ရေကူးမယ်လေး ဖြစ်ပါတယ်။ အသက်က ၁၃ နှစ်သာရှိပါသေးတယ်။

တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ ရေကူးပြိုင်ပွဲကို မဝင်ခင် မိနစ်အနည်းငယ်အလိုမှာ သူမရဲ့ရေကူးဝတ်စုံလေးဟာ မတော်တဆစုတ်ပြဲသွားခဲ့ပါသေးတယ်။ ဒါပေမဲ့ ချက်ခြင်းပဲဝတ်စုံကိုပြန်လဲကာ ပြိုင်ဘက်နှစ်ဦးကို Gaurika Singh က အနိုင်ယူပြခဲ့ပါတယ်။ မီတာ ၁၀၀ ပက်လက်ကူးပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

play

 

သူမအသက် ၂ နှစ်မှာ အင်္ဂလန်ကိုရောက်ခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်က နီပေါကိုဆိုးဆိုးရွားရွားထိုးနှက်ခဲ့တဲ့ ခတ္ထမန်ဒူငလျင်ကြီး လှုပ်ခတ်စဉ်မှာ သူမဟာ အဆောက်အဦးတစ်ခုရဲ့ ပဉ္စမမြောက်အထပ်မှာ ရှိနေခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ အသက်ရှင်ခဲ့လို့ ခုလိုမျိုး အိုလံပစ်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရလာခဲ့ပါတယ်။

play

" အဲ့ဒီကြောက်စရာငလျင်ကြီးထဲမှာ အသက်ရှင်ခွင့်ရခဲ့လို့ ခုလိုမျိုး သမီးရဲ့နိုင်ငံအတွက် ဂုဏ်တက်စရာဖြစ်အောင် ဒီပွဲကိုလာရောက်ယှဉ်ပြိုင်ခွင့်ရလာတာ အရမ်းကံကောင်းတာပဲလို့ ခံစားမိတယ်" လို့ သူမက ပြောပါတယ်။

Source : Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ