International Sports: ရှုံးပွဲတွေ့ပြီးနောက် သတ္တိကြောင်သည့် ဆွီဒင်အသင်းဟု ဂိုးသမားဟုတ်ဆိုလို ဝေဖန်

အမေရိကန်အသင်းက ကွာတားဖိုင်နယ်မှာ ဆွီဒင်ကို ရှုံးပွဲတွေ့ပြီး ထွက်ခဲ့ရတာပါ။

play

 

ရီယိုအိုလံပစ် ပြိုင်ပွဲမှာ အမေရိကန်အမျိုးသမီး ဘောလုံးအသင်းက ဆွီဒင်အသင်းကို ရှုံးနိမ့်ပြီးနောက် ဂိုးသမား ဟုပ်ဆိုလိုက ပြိုင်ဘက်အသင်းကို အငြင်းပွားဖွယ်ရာ မှတ်ချက်နဲ့ ဝေဖန်လိုက်ပါတယ်။

play

 

ဆွီဒင်က ပင်နယ်တီနဲ့ အနိုင်ရပြီးနောက် ဆီမီးဖိုင်နယ် တက်ရောက်သွားခဲ့ပြီး အမေရိကန်အသင်းကတော့ လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်ခွင့် ဆုံးရှုံးခဲ့ရပါတယ်။ ကွာတားဖိုင်နယ်ပွဲစဉ်မှာ သာမန်ပွဲကစားချိန်အတွင်း တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့လို့ အချိန်ပိုနဲ့ ပင်နယ်တီ ဆက်ကစားခဲ့ရတာဖြစ်ပါတယ်။

play

 

ရှုံးပွဲတွေ့ပြီးနောက် အမေရိကန်အသင်းဟာ သတ္တိကြောင်တဲ့ အသင်းတစ်သင်နဲ့ ကစားခဲ့ရတာဖြစ်ကြောင်း အမေရိကန် ဂိုးသမား ဟုပ်ဆိုလိုက ပြောခဲ့တာပါ။

play

 

" ကျွန်မတို့အသင်း ဒီနေ့ကောင်းကောင်းကစားနိုင်ခဲ့ပြီး ဂိုးရဖို့ အခွင့်အရေးတွေလည်း ရှိခဲ့ပါတယ်။ သတ္တိရှိရှိ ကစားနိုင်ခဲ့ပါတယ်။ အကောင်းဆုံးအသင်း အနိုင်မရခဲ့တာပါ။ အမေရိကန်အသင်းဟာ သတ္တိကြောင်တဲ့ အသင်းနဲ့ ကစားခဲ့ရပါတယ်" လို့ ဂိုးသမား ဟုပ်ဆိုလိုက ပြောပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ