International Sports: တိုက်စစ်မှူးဟောင်း အွန်နရီ ဘယ်လ်ဂျီယံ နည်းပြအဖွဲ့ဝင် ဖြစ်လာ

အာစင်းဝင်းဂါးက အွန်နရီကို အလုပ်တစ်ခုတည်းပဲ အာရုံစိုက်ဖို့ ပြောပြီးနောက် အသင်းနည်းပြအဖွဲ့ဝင်အဖြစ် နုတ်ထွက်ခဲ့တာပါ။

play

 

အာဆင်နယ်အသင်း တိုက်စစ်မှူးဟောင်းဖြစ်တဲ့ သီယာရီအွန်နီကို ဘယ်လ်ဂျီယံနည်းပြမာတီနက်ဇ်က လက်ထောက်နည်းပြအဖြစ် ခန့်အပ်လိုက်ကြောင်း သိရပါတယ်။ လက်ထောက်နည်းပြဖြစ်လာတဲ့ အွန်နရီဟာ စကိုင်းစပို့တ် ရုပ်သံလိုင်းမှာလည်း ရုပ်သံအစီအစဉ် တင်ဆက်သူအဖြစ် ရှိနေဦးမှာပါ။

play

 

အာဆင်နယ်အသင်း လူငယ်နည်းပြအဖြစ် အွန်နရီက တာဝန်ထမ်းဆောင်ခဲ့ပေမယ့် နည်းပြအလုပ်ကို အောင်မြင်အောင် လုပ်ချင်တယ်ဆိုရင် စကိုင်းစပို့တ်ရုပ်သံအလုပ်ကို စွန့်လွှတ်ဖို့ အွန်နရီကို အာစင်ဝင်းဂါး အကြံပြုခဲ့ပြီးနောက်ပိုင်း ရာထူးနုတ်ထွက်ခဲ့တာပါ။ အခုတော့ ဘယ်လ်ဂျီယံအသင်းရဲ့ နည်းပြအဖွဲ့ဝင်စာရင်းမှာ အွန်နရီ အံ့အားသင့်ဖွယ်ပါဝင်လာခဲ့တာဖြစ်ပါတယ်။

play

 

ဘယ်လ်ဂျီယံအသင်းရဲ့ အောင်ပွဲရယူလိုစိတ်ကို ဦးဆောင်ပေးရာမှာ အွန်နရီက အဓိကကျသူတစ်ဦးဖြစ်လာလိမ့်မယ်လို့ အသင်းနည်းပြချုပ် မာတီနက်ဇ်ကပြောပါတယ်။ အွန်နရီဟာ ဟာဇက်၊ ဖယ်လိုင်နီ၊ ဒီဘရိုင်း စတဲ့ထိပ်သီးကစားသမားတွေကို ဦးဆောင်ပေးသွားရမှာဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ