International Sports: တကျော့ပြန် မက်ဆီ၏ သွင်းဂိုးဖြင့် အာဂျင်တီးနား ကမ္ဘာ့ဖလား ခြေစစ်ပွဲ အနိုင်ရ

အာဂျင်တီးနားက တစ်ယောက်အထုတ်ခံခဲ့ရပေမယ့် အနိုင်ရအောင် ကစားနိုင်ခဲ့ပါတယ်။

play

 

အာဂျင်တီးနားအသင်းနဲ့ အီကွေဒေါအသင်းတို့ရဲ့ ကမ္ဘာ့ဖလား ခြေစမ်းပွဲစဉ်မှာ မက်ဆီရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အာဂျင်တီးနားအသင်းက အနိုင်ရရှိခဲ့ပါတယ်။

play

 

ကိုပါအမေရိကဗိုလ်လုပွဲမှာ ရှုံးနိမ့်ပြီးနောက် လက်ရွေးစင်ဘဝက အနားယူပြီလို့ ကြေငြာခဲ့တဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီဟာ ဆုံးဖြတ်ချက်ကို ပြန်ပြင်ပြီးဒီပွဲမှာ ပြန်ပါလာခဲ့ပါတယ်။ ပထမပိုင်း ပြီးဆုံးခါနီးမှာ မက်ဆီက အာဂျင်တီးနားအတွက် အနိုင်ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဒါပေမယ့် ပထမပိုင်း ပြီးဆုံးဖို့ စက္ကန့်ပိုင်းအလိုမှာ အာဂျင်တီးနား တိုက်စစ်ကစားသမား ဒိုင်ဘာလာက  မလိုအပ်တဲ့ ဖျက်ထုတ်မှုကို ပြုလုပ်ခဲ့တာကြောင့် အဝါကတ်နှစ်ကြိမ်ပြခံရပြီး ထုတ်ပယ်ခံရပါတယ်။

play

 

ဒုတိယပိုင်းမှာ ဥရုဂွေးအသင်းချေပဂိုးပြန်ရဖို့အတွက် ဆွာရက်ဇ်လည်း အခွင့်အရေးတွေ ရခဲ့ပေမယ့် အဆုံးသတ်မသေချာခဲ့လို့ ရှုံးပွဲတွေ့ခဲ့ရပါတယ်။ အာဂျင်တီးနားကတော့ မက်ဆီရဲ့ဂိုးကြောင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲအုပ်စုအတွင်း ၇ ပွဲကစားပြီး ဦးဆောင်လျှက်ရှိပါတယ်။

Source :  Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ