International Sports: လူစားလဲခံရလို့ ဒေါသထွက် ပေါက်ကွဲခဲ့ကြတဲ့ ဘောလုံးသမားများ၏ ဖြစ်ရပ် (၅) ခု

လူစားလဲခံရတာ မကျေနပ်လို့ နည်းပြကို ပြန်လည်တိုက်ခိုက်တဲ့ ဘောလုံးသမားတွေတောင် ရှိခဲ့ဖူးပါတယ်။

play

 

ပရိသတ်သန်းပေါင်းများစွာ စောင့်ကြည့်ခြင်း ခံရနေတဲ့ ကမ္ဘာကျော်ဘောလုံးသမားတွေဟာလည်း တစ်ခါတစ်ရံမှာ စိတ်လွတ်ကိုယ်လွတ်ဖြစ်ပြီး စိတ်ခံစားမှုကို မထိန်းနိုင်ဖြစ်တတ်ကြပါတယ်။ ကစားသမားအချို့က ပွဲချိန်အတွင်း နည်းပြရဲ့ လူစားလဲမှု ခံရရင် မကြိုက်တတ်ကြပါဘူး။

နည်းပြ လူစားလဲခြင်းခံရလို့ ပေါက်ကွဲခဲ့တဲ့ ကစားသမား ၅ ဦးရဲ့ မြင်ကွင်းအချို့ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

၁။ မာတာ (ချယ်လ်ဆီး) ၂၀၁၄

၂၀၁၄ ခုနှစ်တုန်းက ဆောက်သမ်တန်နဲ့ ပွဲမှာ နည်းပြရဲ့လူစားလဲမှု ခံလိုက်ရလို့ မာတာ ပေါက်ကွဲခဲ့တာပါ။ အဲဒီမတိုင်ခင်မှာ မာတာက ချယ်လ်ဆီးရဲ့ အကောင်းဆုံးကစားသမားဆုကို ရရှိထားသူဖြစ်ပါတယ်။

၂။ နေမာ (ဘာစီလိုနာ) ၂၀၁၅

နည်းပြ အင်းနရစ်က ၂၀၁၅ ခုနှစ် ဆီဗီးလ်နဲ့ ကန်တဲ့ပွဲစဉ်မှာနေမာကို လူစားလဲလိုက်တာပါ။

၃။ တိဗက်ဇ် (မန်စီးတီး) ၂၀၁၀

မန်စီနီ လက်ထက်မှာဖြစ်ပါတယ်။ အဲဒီမတိုင်ခင်ကတည်းက တိဗက်ဇ်နဲ့ နည်းပြမန်စီနီဟာ အနည်းငယ် မပြေလည်မှုတွေ ရှိခဲ့တာပါ။

၎။ မွန်တာရီ (အေစီမီလန်) ၂၀၁၅

တိုရွန်တိုနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မျာ ဝါရင့်ကစာသမား မွန်တာရီဟာ လူစားလဲခံရတဲ့အတွက် အပြင်းအထန် ပေါက်ကွဲခဲ့ပါတယ်။

၅။ မန်နျူရယ်တောရက်စ် (ပလာဇာအမေဒါ)

်ပနားမားကလပ်အသင်းရဲ့ ဒီကစားသမားကတော့ သာမန်ဒေါသထွက်ရုံတင်မဟုတ်ပဲ နည်းပြကိုပါ ဒေါသတကြီး တိုက်ခိုက်ခဲ့ပါသေးတယ်။ လူစားလဲခံရတဲ့နောက်ဆက်တွဲဖြစ်ရပ်ဟာ ပြဿနာ ကြီးမားခဲ့ပါတယ်။

Source : 90min

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ