International Sports: ၄၃ ဂိုးဖြင့် ရှုံးသည့် ဂျာမနီဘောလုံးအသင်း ဂိုးသမား အဖမ်းခံခဲ့ရ

, updated

ရဲတပ်ဖွဲ့ကလည်း တိတိကျကျ ထုတ်ပြန်ပြောကြားခြင်း မရှိသေးပါဘူး။

play

 

ဂျာမနီဘောလုံးကလပ် ဗွန်ဒီရော့အသင်းဟာ ပြိုင်ဘက် ပီအက်စ်ဗီအိုဘာဟူဆန်အသင်းကို ၄၃-၀ ဂိုးနဲ့ စံချိန်တင် ရှုံးနိမ့်ပြီးနောက် ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတယ်လို့ သိရပါတယ်။

အသင်းက ၄၃ ဂိုးပေးကာ အရှုံးပေးလိုက်ရပြီးနောက် ငါးရက်အကြာ လေ့ကျင့်ရေးဆင်းနေတဲ့ ဂိုးသမား မာကိုဟာ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမေးမြန်းခြင်းကို ခံနေရနတာဖြစ်ပါတယ်။ ပုံမှန်မဟုတ်တဲ့ ရှုံးပွဲအတွက် ဂိုးသမား မာကိုဟာ လုပ်ပွဲအရှုပ်တော်ပုံမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ယူဆထားတာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမေးမြန်းခြင်းကို ခံခဲ့ရပေမဲ့ ဂိုးသမား မာကို ဘက်ကရော အသင်းဘက်ကပါ အဆိုပါကိစ္စရပ်အတွက် တိတိကျကျ တစ်စုံတစ်ရာ ပြောကြားခြင်း မရှိသေးပါဘူး။

အခုလည်း အသင်းလေ့ကျင့်ရေးကွင်းမှာ ဂိုးသမား မာကို ကိုပြန်လည်မတွေ့ရသေးဘူးလို့သိရပါတယ်။ ရှုံးပွဲနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့ဘက်က ဘယ်လိုသတင်းတွေရထားမှန်း မသိဘူးလို့ အသင်းဒါရိုက်တာ ခရစ္စရှန်က ပြောထားပြီး နောက်ပွဲမှာ ဂိုးသမား မာကို ပြန်လည်ပါဝင်နိုင်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ