International Sports: ဘာစီလိုနာအသင်း၏ စံချိန်ကို ရီးရဲလ်မက်ဒရစ် ယနေ့ ကျော်ဖြတ်နိုင်ဖွယ်ရှိ

, updated

နည်းပြ ဂွါဒီယိုလာ လက်ထက်တုန်းက လာလီဂါမှာ ဘာစီလိုနာအသင်း တင်ခဲ့တဲ့ စံချန် ဖြစ်ပါတယ်။

play

 

နည်းပြဂွါဒီယိုလာ လက်ထက်မှာ ဘာစီလိုနာအသင်း တင်ထားခဲ့တဲ့ လာလီဂါပြိုင်ပွဲ စံချိန်ကို နည်းပြဇီဒန်းရဲ့ ရီးရဲလ်မက်ဒရစ်အသင်းက ကျော်ဖြတ်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။

play

 

ဒီနေ့ည ကစားမယ့် လာလီဂါပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က ပြိုင်ဘက် ဗီလာရီးရဲလ်ကို အနိုင်ရမယ်ဆိုရင် ဘာစီလိုနာအသင်း တင်ထားခဲ့တဲ့ ၁၆ ပွဲဆက်တိုက် အနိုင်ရတဲ့ စံချိန်ကို ကျော်ဖြတ်နိုင်တော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်လာလီဂါအမှတ်ပေး ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းက ပြိုင်ဘက် အက်စ်ပန်ညိုအသင်းကို ၀-၂ ဂိုးနဲ့ အနိုင်ယူပြီး ဘာစီလိုနာရဲ့ ၁၆ ပွဲဆက်တိုက် အနိုင်ရတဲ့ စံချိန်ကို လိုက်မီထားတာဖြစ်ပါတယ်။

play

 

ပြီးခဲ့တဲ့ ရာသီမှာ ရီးရဲလ်မက်ဒရစ်ကို လာလီဂါ နောက်ဆုံး ၁၂ ပွဲဆက်တိုက် အနိုင်ရအောင် နည်းပြဇီဒန်းက စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ဒီရာသီမှာလည်း ပွဲစဉ် ၄ အထိ ရာနှုန်းပြည့်လာလီဂါ နိုင်ပွဲကို စွမ်းဆောင်ပေးထားနိုင်ပါတယ်။ ပွဲစဉ် ၅ ကို အနိုင်ရမယ်ဆိုရင် ရီးရဲလ်မက်ဒရစ်အသင်းအတွက်လည်း စံချိန်သစ် တစ်ခု ရလာမှာဖြစ်ပြီး ၁၉၆၀ တုန်းက လာလီဂါ ၁၆ ပွဲဆက်တိုက်အနိုင်ရတဲ့ စံချိန်ကို ကျော်ဖြတ်နိုင်မှာပါ။

Source : ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ