International Sports: ရော်နယ်ဒိုနှင့်မိမိ ဘာပြဿနာမှ မရှိဟု နည်းပြဇီဒန်း ပြောကြား

, updated

ရီးရဲလ်မက်ဒရစ်က ယနေ့ညမှာ ဒေါ့မွန်အသင်းနဲ့ ချန်ပီယံလိဂ် ကစားရမှာပါ။

play

 

ရလဒ်တွေကောင်းဖို့ ရုန်းကန်နေရပေမဲ့လည်း ချန်ပီယံလိဂ် ပွဲမတိုင်မီ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ခြေစွမ်းအတွက် မစိုးရိမ်မိဘူးလို့ နည်းပြဇီဒန်းက ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ ပွဲမှာ လူစားလဲခံရလို့ မကျေမနပ်ဖြစ်ခဲ့တဲ့ ရော်နယ်ဒိုနဲ့လည်း ဘာပြဿနာမှ မရှိဘူးလို့ ဇီဒန်းက ပြောပါတယ်။

play

 

ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း ဆက်တိုက်ကစားခဲ့တဲ့ လာလီဂါပွဲစဉ် နှစ်ပွဲလုံးမှာ နိုင်ပွဲမရဘဲ သရေပွဲတွေနဲ့သာ အဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။ နှစ်ပွဲဆက်တိုက် သရေကျထားပေမဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ခြေစွမ်း ပုံမှန်အတိုင်း အကောင်းဆုံးပုံစံမှာပဲရှိတယ်လို့ ဇီဒန်းက ပြောတာပါ။

" နှစ်ပွဲမှာ လေးမှတ်ဆုံးရှုံးတာကိုတော့ ဘယ်သူမှမကြိုက်ပါဘူး။ ဒါပေမဲ့ ဘောလုံးဆိုတာ ဒီလိုပါပဲ။ တစ်ခါတလေ ဒီလိုသတိပေးတဲ့ ပုံစံနဲ့ရလဒ်မျိုးတွေထွက်လာတာ ကောင်းပါတယ်။ ပိုပြီးကြိုးစားလို့ ရတာပေါ့။ ကျွန်တော်တို့အသင်း ဘာဖြစ်ချင်တယ်ဆိုတာ၊ ဘာလုပ်ချင်တယ်ဆိုတာ သိပြီး အားလုံးကြိုးစားနေကြပါတယ်" လို့ ဇီဒန်းက ဆိုပါတယ်။

play

 

နောက်ဆုံးပွဲမှာ လူစားလဲတဲ့ကိစ္စနဲ့ပတ်သက်ပြီးမကျေမနပ်ဖြစ်ခဲ့တဲ့ ရော်နယ်ဒိုလည်း ပုံမှန်အတိုင်း ပျော်ပျော်ရွှင်ရွှင်လေ့ကျင့်နေတယ်လို့ ဇီဒန်းက ပြောပါတယ်။

ှSource : Marca

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ