International Sports: မန်ယူနှင့် ယှဉ်ပြိုင်မည့် ဇော်ယာလူဟန့်စ်အကြောင်း လူသိနည်းတဲ့ အချက် (၅) ချက်

နာမည်ကြီး ရုရှား ကွန်မြူနစ်ခေါင်းဆောင် လီနင်ရဲ့ အသင်းဖြစ်ခဲ့ဖူးပါတယ်။

play

 

ယနေ့ညမှာ မန်ယူအသင်းက ယူရိုပါလိဂ် အုပ်စုဒုတိယပွဲစဉ်အဖြစ် ယူကရိန်းကလပ် ဇော်ယာလူဟန့်စ်အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။ ဇော်ယာလူဟန့်စ်အသင်းအကြောင်းကို သိရှိတဲ့ပရိသတ်ဟာ အနည်းအကျဉ်းသာ ရှိမှာဖြစ်ပါတယ်။

play

 

မန်ယူအသင်းပြိုင်ဘက် ယူကရိန်းကလပ် ဇော်ယာလူဟန့်စ်အကြောင်း လူသိနည်းတဲ့ အချက် (၅) ချက်ကိုဖော်ပြပေးလိုက်ပါတယ်။

၁။ လီနင်နှင့် ပတ်သတ်မှုရှိ

play

 

ရုရှားကွန်မြူနစ်တော်လှန်ရေးသမား လီနင်နဲ့ ဇော်ယာအသင်းဟာ ပတ်သက်မှုရှိခဲ့ပါတယ်။  အသင်းပထမဆုံး အိမ်ကွင်းကို လီနင်ရဲ့ ခွင့်ပြုချက်အကူအညီနဲ့ တည်ဆောက်ခဲ့ပြီးနောက်ပိုင်းမှာ လီနင်ဘောလုံးကွင်းလို့တောင် အမည်ပေးခဲ့ပါသေးတယ်။

၂။ အိမ်ကွင်းမဟုတ်တဲ့ အိမ်ကွင်း

play

 

ဇော်ယာဘောလုံးအသင်းရဲ့ အိမ်ကွင်းဟာ ပရိသတ် ၁၂၀၀၀ ပဲ ဆန့်ပါတယ်။ အဲဒီတော့ ယူရိုပါလိဂ် အိမ်ကွင်းပွဲစဉ်တွေကို ပြည်တွင်းကလပ်အသင်း ဖြစ်တဲ့ အိုဒက်ဆာကွင်းမှာ သွားရောက်ကစားရလေ့ရှိပါတယ်။

၃။ ချယ်ရီကိုးလ်ထက်နာမည်များတဲ့ ဇော်ယာ

play

 

အင်္ဂလိပ်ဘောလုံးသမား အက်ရှ်လေကိုးလ်ရဲ့ ဇနီးဖြစ်ခဲ့ဖူးတဲ့ အဆိုတော်ချယ်ရီဟာ နာမည်ခဏခဏ ပြောင်းရသူအဖြစ် နာမည်ကြီးသူပါ။ ဒါပေမဲ့ ဇော်ယာဘောလုံးအသင်းက ချယ်ရီထက် နာမည်ပိုများပါတယ်။ အေဗင်ဟာ့ဒ်၊ အက်စ်စီဇော်ယာ စတဲ့အမည်ပေးခဲ့ပြီးတဲ့နောက်မှာ ဇော်ယာဗိုရိုရှီလော့ဗ်ဂရက်၊ စတဲ့နာမည်တွေ ပြောင်းခဲ့ပါသေးတယ်။ အဲဒီနောက် ဆိုဗီယက်ခေတ်အလွန်မှာ ဇော်ယာလူဟန့်စ်ဆိုပြီး ဖြစ်လာခဲ့ပါတယ်။

၎။ ဥရောပ အစဉ်အလာမရှိ

ဥရောပကလပ်အသင်း ဘောလုံးပြိုင်ပွဲမှာ ဇော်ယာအသင်းက နောက်ဆုံးအနိုင်ရခဲ့တဲ့ပွဲစဉ်ဟာ လွန်ခဲ့တဲ့ ၄၃ နှစ်တုန်းက ဖြစ်ပါတယ်။ အေပိုးလ်အသင်းကို အနိုင်ရခဲ့တဲ့တစ်ပွဲသာ သူတို့ရဲ့ ဥရောပအဆင့် တစ်ပွဲတည်းသော နိုင်ပွဲ ဖြစ်ပါတယ်။ ၁၉၇၂ တုန်းက လိဂ်မှာ အောင်မြင်မှုရခဲ့တော့ ဥရောပပြိုင်ပွဲ ဝင်ခွင့်ရပေမဲ့ ဆိုက်ပရီးရော့ အသင်းကို အိမ်ကွင်းရော အဝေးကွင်းပါ ရှုံးခဲ့ပါတယ်။

၅။ နာမည်ကြီး နှစ်သင်းပေါင်းမှ လူဟောင်းများ

play

 

လက်ရှိ ဇော်ယာအသင်းမှာ ဒိုင်နမိုကိဗ်နဲ့ ရှက်တာဒိုးနက်စ် အသင်း ကစားသမားဟောင်းတွေ များလှပါတယ်။ အဲဒီနှစ်သင်းရဲ့ ကစားသမားဟောင်းတွေ ပေါင်းလိုက်ရင် ဇော်ယာအသင်း ပထမပွဲထွက်စာရင်းတောင် ထုတ်လို့ရပါတယ်။

ှSource : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ