International Sports: အီဗရာဟီမိုဗစ်ခ်ျ တစ်လုံးတည်းသော သွင်းဂိုးဖြင့် မန်ယူ ယူရိုပါလိဂ် နိုင်ပွဲရ

အရန်ခုံက ရွန်နေးကို ဝင်ကစားခိုင်းခဲ့ပြီးနောက် နိုင်ပွဲရခဲ့တာဖြစ်ပါတယ်။

play

 

ယူရိုပါလိဂ် အုပ်စုအဆင့်ဒုတိယပွဲစဉ်မှာ မန်ယူအသင်းက ယူကရိန်းကလပ်အသင်းငယ် ဇော်ယာကို တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ကြောင်း သိရပါတယ်။

play

 

နည်းပြမော်ရင်ဟိုဟာ ဒီကနေ့ပွဲစဉ်မှာ အသင်းခေါင်းဆောင်ရွန်နေးကို ပွဲထွက်စာရင်းမထုတ်ဘဲ  အရန်ခုံသာ ထိုင်ခိုင်းခဲ့ပြန်ပါတယ်။ ကွင်းလယ်မှာ လင်ဂတ်၊ မာတာ၊ ဖယ်လိုင်နီတို့ကို့ပွဲထုတ်ခဲ့ပြီး တိုက်စစ်မှာ ရက်ရှ်ဖို့ဒ်နဲ့ အီဗရာဟီမိုဗစ်ခ်ျတို့ကို ထားကစားခဲ့ပေမဲ့ ဂိုးရဖို့တော့ ခက်ခဲခဲ့ပါတယ်။ ပထမပိုင်းမပြီးခင်မှာ ရက်ရှ်ဖို့ဒ်ကန်ချက်တိုင်ထိထွက်ခဲ့တဲ့ တစ်လုံးကတော့ မန်ယူအတွက် ဂိုးရဖို့ နစ်နာခဲ့ရပါတယ်။

play

 

၆၇ မိနစ်မှာ ရွန်နေးကို မော်ရင်ဟို လူစားလဲခဲ့ပြီးနောက် သိပ်မကြာခင် မိနစ်ပိုင်းအတွင်းမှာတင် မန်ယူဦးဆောင်ဂိုးရသွားခဲ့တာပါ။ ညာခြမ်းက ဖြတ်ပေးလိုက်တဲ့ဘောလုံးကို ရွန်နေးပိတ်သွင်းရာမှာ မြေထောက်ပြီး အီဗရာဟီမိုဗစ်ခ်ျဆီ ရောက်သွားခဲ့တာပါ။ နောက်ခံလူထက် ခေါင်းတစ်လုံးသာနေတဲ့ တိုက်စစ်မှူးကဂိုးနဲ့ အနီးကပ်အနေအထားမှာ ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။

play

 

တစ်ဖက်မှာ ဆောက်သမ်တန်အသင်းကတော့အ ဝေးကွင်းမှာ အစ္စရေးလ်ကလပ် ဟာပိုးလ်ကို သရေသာ ကစားနိုင်ခဲ့ပါတယ်။ အင်တာမီလန် ရှုံးနိမ့်ခဲ့ပြီး ရိုးမားက အိမ်ကွင်းမှာ အနိုင်ရခဲ့ပါတယ်။

Source : Daily Mail/ Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ